Top News

ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိသေးဟု မာရက်စကာ ပြောကြား
24htopnews | October 9, 2024 2:12 PM CST

ချယ်လ်ဆီးနည်းပြ မာရက်စကာက ၎င်းတို့အနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိသေးဟု နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမတိုင်မီ ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် နိုင်ပွဲများဆက်ကာ အမှတ်ပေးဇယားထိပ်ပိုင်းသို့ တက်လှမ်းလာခဲ့သည့်အတွက် ချန်ပီယံပြေးလမ်းပေါ်ရောက်လာကြောင်း သုံးသပ်ခဲ့ကြသော်လည်း မာရက်စကာက မန်စီးတီးနှင့် အာဆင်နယ်တို့ကို ပြိုင်ဆိုင်နိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ မန်စီးတီးနဲ့ အာဆင်နယ်ကို ပြိုင်ဆိုင်နိုင်မယ်လို့ တကယ့်ကို မထင်ပါဘူး။ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးပါဘူး။ သူတို့က လက်ရှိနည်းပြတွေနဲ့ အချိန်ကြာမြင့်စွာ လက်တွဲခဲ့တာပါ။ အချိန်လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် သရေကျခဲ့သဖြင့် ပြိုင်ပွဲစုံ(၅)ပွဲဆက်နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ရသည်။


READ NEXT
Cancel OK