Top News

WHO က တောင်အာဖရိကတွင် တွေ့ရသည့် COVID-19 ဗိုင်းရပ်စ်မျိုးကွဲသစ်ကို Omicron ဟု အမည်ပေးပြီး စိုးရိမ်ရသည့် ဗိုင်းရပ်စ်မျိုးကွဲအုပ်စုတွင် ထည့်သွင်း
24htopnews | September 13, 2024 6:12 PM CST

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် တောင်အာဖရိကတွင် နောက်ဆုံးတွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ B.1.1.592 ကို Omicron ဟုအမည်ပေးခဲ့ပြီး စိုးရိမ်ရသည့် ဗိုင်းရပ်စ်မျိုးကွဲအုပ်စုတွင် ထည့်သွင်းခဲ့သည်။

WHO သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၂၆ ရက်က အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းဗိုင်းရပ်စ်မျိုးကွဲ၏ အန္တရာယ်များနှင့်တ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

Omicron ဗိုင်းရပ်စ်မျိုးကွဲသည် အခြားဗိုင်းရပ်စ်မျိုးကွဲများထက် ကူးစက်နိုင်သည့် အန္တရာယ်ပိုမိုမြင့်မားပုံပေါ်သည်ဟု WHO က ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံများအနေဖြင့် ယင်းမျိုးကွဲနှင့်ပတ်သက်ပြီး အနီးကပ်လေ့လာစောင့်ကြည့်ရန်၊ နောက်ဆက်တွဲ ဖြစ်စဉ်များကို လေ့လာတွေ့ရှိချက်များကို သတင်းထုတ်ပြန်ကြရန် WHO က တိုက်တွန်းခဲ့သည်။

တောင်အာဖရိကတွင် နိုဝင်ဘာ ၂၄ ရက်က Omicron ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပြီး ဘော့ဆွာနာ၊ ဘယ်ဂျီယမ်၊ ဟောင်ကောင်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း ယင်းမျိုးကွဲကူးစက်မှုများကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် အမေရိကန်၊ ဗြိတိန် အပါအဝင် ဥရောပနိုင်ငံများနှင့် နိုင်ငံအချို့သည် တောင်အာဖရိကသို့ သွားရောက်မည့် ခရီးစဉ်များနှင့် တောင်အာဖရိကမှ ရောက်ရှိလာမည့် ခရီးစဉ်များကို တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ကြသည်။


READ NEXT
Cancel OK