Top News

ယူကရိန်း၏ တန်ပြန်ထိုးစစ်စွမ်းရည်ကို ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာန မယုံကြည်ဟုဆို
24htopnews | October 13, 2024 10:12 AM CST

ယူကရိန်းသည် တန်ပြန်ထိုးစစ်ကို မကြာမီအချိန်အတွင်း စတင်နိုင်တော့မည်မဟုတ်ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနက ယုံကြည်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ဂျာမနီအခြေစိုက် Bild သတင်းစာက ရေးသားဖော်ပြခဲ့သည်။

တန်ပြန်ထိုးစစ်ကို အကောင်အထည်ဖော်ရန် ယူကရိန်းဝန်ကြီးဌာနသည် မကြာမီ ဆောင်ရွက်နိုင်လိမ့်မည်ဟု မယုံကြည်ကြောင်းနှင့် တစ်ချိန်တည်းမှာပင် ဂျာမနီသည် ယူကရိန်းအတွက် ကြီးမားသောပစ္စည်းများကို ထောက်ပံ့ပေးတော့မည်မဟုတ်‌ကြောင်းကိုပါ ထည့်သွင်းရေးသားထားသည်။

“အပြောင်းအလဲတွေ လုပ်ပြီးသွားပါပြီ” ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးစာရွက်စာတမ်းကို ကိုးကား၍ သတင်းစာက ရေးသားခဲ့သည်။ ထို့ကြောင့် ဂျာမန်စစ်တပ်တွင် တင့်ကားအစီးရေ ၃၀၀ ခန့်ရှိသော်လည်း Leopard 2 တင့်ကားများကို ကိယက်ဗ်သို့ ထောက်ပံ့ပေးမည်မဟုတ်ကြောင်း သတင်းစာက ဆိုသည်။

ဂျာမနီသည် လက်ရှိအချိန်တွင် အမေရိကန်ပြီးလျှင် ယူကရိန်းသို့ ဒုတိယမြောက်အများဆုံး လက်နက် ထောက်ပံ့‌နေသော နိုင်ငံဖြစ်သည်။


READ NEXT
Cancel OK