Top News

ဗြိတိန်၊ ဂျာမနီနှင့် အီတလီတို့တွင် Omicron ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုများ တွေ့ရှိရ
24htopnews | September 13, 2024 6:12 PM CST

နိုဝင်ဘာ ၂၇ ရက်က ဗြိတိန်၊ ဂျာမနီနှင့် အီတလီ နိုင်ငံတို့တွင် Omicron ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုများကို တွေ့ရှိခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗိုင်း ရပ်စ်ထိန်းချုပ်ရေး အစီအစဉ်သစ်များကို ကြေညာခဲ့သည်။ အခြားနိုင်ငံများတွင်လည်း အာဖရိက တောင်ပိုင်းမှ ဝင်ရောက်လာမည့် ခရီးသွာများကို ကန့်သတ်ပိတ်ပင်မှုများ ချ မှတ်ခဲ့သည်။

အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တွေ့ရှိမှုသည် တစ်ကမ္ဘာလုံးတွင် စိုးရိမ်မှုများ ဖြစ်ပေါ် စေခဲ့ကာ ကမ္ဘာ့နိုင်ငံများတွင် ခရီးသွားလာမှု ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်လာရသကဲ့သို့ ကပ်ရောဂါကာလကို နှစ်နှစ်နီးပါး ဖြတ်သန်းနေရချိန်တွင် Omicron ဗိုင်းရပ်စ် မျိုးကွဲကြောင့် ကမ္ဘာ့စီးပွားရေး နာလန်ပြန် ထူမှုကို ထိခိုက်လာနိုင်သည့်အပေါ် ရင်းနှီး မြှုပ်နှံသူများ က စိုးရိမ်နေမှုနှင့်အတူ နိုဝင်ဘာ ၂၆ ရက်က ကမ္ဘာ့ငွေကြေး စျေးကွက်များကို ကြီးမားသော ဂယက်ရိုက်မှုများ ဖြစ်ပေါ်စေ ခဲ့သည်။

အစ္စရေး အစိုးရကလည်း နိုင်ငံထဲသို့ ပြည်ပခရီးသွား ဝင်ရောက်မှုမှန်သမျှကို ပိတ်ပင်သွားမည်ဖြစ်ကာ အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲ သစ် ကူးစက်မှုကို ထိန်းချုပ်ရန် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် အသုံးပြုသော ဖုန်းမှခြေ ရာခံသည့် နည်းပညာကို ပြန်လည်အသုံးပြု သွားမည်ဟု ကြေညာခဲ့သည်။

ဗြိတိန်တွင် တွေ့ရှိရသည့် Omicron ဗိုင်းရပ်စ်ကူးစက်မှုနှင့် ဆက်နွှယ်နေသည့် ဖြစ်စဉ်နှစ်ခုသည် အာဖရိက တောင်ပိုင်းသို့ ခရီးသွားမှုနှင့် ဆက်စပ်နေသည်ဟု ဗြိတိန် ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်က ပြော သည်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကလည်း နိုင်ငံထဲသို့ ရောက်ရှိလာသူများကို ပိုမိုတင်း ကျပ်စွာ စစ်ဆေးမည့် စည်းမျဉ်းများ ပါဝင် သော ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများ ကို ကြေညာခဲ့ပြီး အချို့အခြေအနေများတွင် နှာခေါင်းစည်းတပ်ရန် လိုအပ်ခြင်းမှလွဲပြီး လူမှုဆိုင်ရာ သွားလာလှုပ်ရှားမှုများအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့ခြင်း မရှိပေ။

“ဗြိတိန်ကို ဝင်ရောက်လာသူ မှန်သမျှ ကို ရောက်ရှိလာပြီး ဒုတိယမြောက်နေ့ အပြီး မှာ PCR စစ်ဆေးဖို့နဲ့ သူတို့မှာ ရောဂါပိုးမရှိ ကြောင်း ဆေးစစ်ချက် ထွက်လာတဲ့အထိ ကိုယ့်ဘာသာ သီးခြားနေထိုင်ဖို့ လိုအပ်မှာဖြစ် တယ်”ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Omicron ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရ သူအဖြစ် သံသယရှိသူနှင့် ထိတွေ့မိသူများကို ၁၀ ရက်ကြာ သီးခြားခွဲထားမှာဖြစ်ပြီး အစိုးရ အနေဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် ပတ်သက်ပြီး စည်းမျဉ်းများကို တင်းကျပ်သွား မည်ဖြစ်ကာ ၎င်းင်းအစီအမံများကို သုံးပတ်အ တွင်း ပြန်လည်ဆန်းစစ်သွားမည်ဟုလည်း ဘောရစ်ဂျွန်ဆင်က ဆိုသည်။

ဂျာမနီနိုင်ငံ ဘာဗေးရီးယား ပြည်နယ် တွင်လည်း ၎င်းင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် အတည်ပြုလူနာနှစ်ဦး တွေ့ရှိကြောင်း ကျန်း မာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အီ တလီတွင်လည်း ၎င်းင်းဗိုင်းရပ်စ် ကူးစက်ခံထား ရသူ တစ်ဦးကို မီလန်မြို့တွင် တွေ့ရှိခဲ့ကြောင်း နှင့် သူသည် မိုဇမ်ဘစ်နိုင်ငံမှ ဝင်ရောက်လာ သူ ဖြစ်သည်ဟု အမျိုးသားကျန်းမာရေး သိပ္ပံ က ထုတ်ပြန်ခဲ့သည်။

ချက်နိုင်ငံတွင်လည်း နမီးဘီးယားတွင် နေထိုင်ခဲ့ပြီး ၎င်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရဖွယ် ရှိသည့် သံသယလူနာတစ်ဦးကို စစ်ဆေးမှု များ လုပ်ဆောင်လျက်ရှိသည်။  ကမ္ဘာ့ကျန်း မာရေးအဖွဲ့ WHO က စိုးရိမ်စရာ ဗိုင်းရပ်စ် မျိုးကွဲအဖြစ် သတ်မှတ်ထားသည့် Omicron ဗိုင်းရပ်စ်မျိုးကွဲသည် ယခင်တွေ့ရှိခဲ့သည့် မျိုးကွဲများထက် ကူးစက်မှု ပိုမြန်ဆန်ပုံရသော် လည်း ရောဂါပိုမိုပြင်းထန်စေခြင်း ရှိမရှိကိုမူ လေ့လာနေဆဲဖြစ်သည်။          


READ NEXT
Cancel OK