Top News

ရွှေဖိနပ်မှာ သွင်းဂိုးသင်္ကေတနဲ့ ဟာရီကိန်း
24htopnews | September 13, 2024 4:12 PM CST

ဟာရီကိန်း ဂိုးသွင်းတယ်ဆိုတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ဒီတစ်ခါဟာရီကိန်းဂိုးသွင်းတာ ထူးခြားပါတယ်။ သူက အင်္ဂလန်လက်ရွေးစင် ကစားသမားဘ၀ ရာပြည့်ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အရင်လို သာမန်ဘောလုံးကန်ဖိနပ် ဝတ်ဆင်ပြီးဂိုး သွင်းတာမဟုတ်ဘဲ ရွှေရောင်ဖိနပ်ဆင်မြန်းပြီး ဟာရီကိန်းက အမှတ်တရဂိုးတွေ ဖန်ဆင်းပြခဲ့တာပါ။ အင်္ဂလန်အသင်းနဲ့ ဟာရီကိန်းရဲ့သွင်းဂိုးတွေဟာ ရှေးဘဝက ရေစက်ပါလာသလိုမျိုး ပထမဆုံး အခိုက်အတန့်မှာပဲ ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းကစားတဲ့ လစ်သူယေနီးယားနဲ့ ယူရို၂၀၁၆ ခြေစစ်ပွဲမှာ ဟာရီကိန်းက လူစားဝင်ကစားပြီး ၇၉ စက္ကန့်အကြာမှာပဲ ဂိုးသွင်းနိုင်ခဲ့တာပါ။ အဲဒီကစလို့ နောက်ဆုံးကစားတဲ့ဖင်လန်နဲ့ပွဲအထိကိုးနှစ်ကျော်အတွင်း ဟာရီကိန်းရဲ့အင်္ဂလန်ကစား သမားဘဝသွင်းဂိုးက ၆၈ ဂိုးရှိလာပါပြီ။


READ NEXT
Cancel OK