Top News

■ ဗင်နီစီယပ်စ်ကို ဇန်နဝါရီတွင် ထပ်မံကြိုးပမ်းမည်ဟု အယ်လ်အာလီဥက္ကဋ္ဌ ဆို     
24htopnews | September 13, 2024 4:12 PM CST

ဆော်ဒီကလပ် အယ်လ်အာလီအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ခါလက်အယ်လ်အစ်ဆာက ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသ မား ဗင်နီစီယပ်စ်ကို လာမည့်ဇန်နဝါရီတွင် ထပ်မံကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

    

အယ်လ်အာလီအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဗင်နီစီယပ်စ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်အသင်းက ငြင်းပယ်ခဲ့သည်။ 

ရီးယဲလ်အသင်းသည် ဗင်နီစီ ယပ်စ်ကို ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ်ချုပ်ဆိုထားသည့်အတွက် အယ်အာလီအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အယ်လ်အာလီအသင်းသည် ရီးယဲလ်အသင်းထံ မြင့်မားသည့် ပြောင်းရွှေ့ကြေးတန်ဖိုးဖြင့် ကမ်းလှမ်းခဲ့သလို၊ ဗင်နီစီယပ်စ်ကိုလည်း (၅)နှစ်စာချုပ်အတွက် လစာအဖြစ် ယူရို(၁)ဘီလီယံပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ 

အဆိုပါသတင်းများမှာ ကောလာဟလဆန်ခဲ့သော်လည်း ယခုအခါ အယ်လ်အစ်ဆာက ဗင်နီစီယပ်စ်ကို နွေရာသီတွင် ကမ်းလှမ်းခဲ့ကြောင်းနှင့် ဇန်နဝါရီတွင် ထပ်မံကြိုးပမ်းမည်ဖြစ်ကြောင်း အယ်လ်အာလီဥက္ကဋ္ဌ ခါလက်အယ်လ်အစ်ဆာက အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

"ထိပ်တန်းတောင်ပံကစားသမားတစ်ယောက်  ခေါ်ယူဖို့ နွေရာသီမှာ ကြိုးစားခဲ့ပြီး ဗင်နီစီယပ်စ်ကို ကမ်းလှမ်းခဲ့ပါတယ်။ ဒီစိတ်ကူးကို လာမယ့်ဆောင်းရာသီမှာ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားဦးမှာပါ"ဟု ခါလက်အယ်လ်အစ်ဆာက ဆိုခဲ့သည်။


READ NEXT
Cancel OK