Top News

■ Ballon d'Or မှာ အိပ်မက်တစ်ခုဟု ရိုဒရီ ပြောကြား
24htopnews | September 13, 2024 4:12 PM CST

မန်စီးတီးအသင်းမှ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက Ballon d'Or ဆုရရှိရန်မှာ မိမိ အတွက် အိပ်မက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ရိုဒရီသည် ပြီးခဲ့သည့်ရာသီ၌ မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပြီး စပိန်လက်ရွေးစင်အသင်းနှင့်အတူ ယူရို-၂၀၂၄ ချန်ပီယံဆု ရယူနိုင်ခဲ့သည်။ 

ကလပ်အသင်းတွင်ရော လက်ရွေးစင်အသင်းတွင်ပါ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် Ballon d'Or ဆုရရှိရန် အလားအလာအကောင်းဆုံးကစားသမားတစ်ဦးဖြစ်နေသည်။ 

၎င်းကလည်း Ballon d'Or ဆုရရှိရန် မျှော်လင့်ထားပြီး ယင်းဆုရရှိရန်မှာ အိပ်မက်တစ်ခုဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ (၂၉) ရက်တွင် ပါရီမြို့၌ ကျင်းပမည်ဖြစ်ပြီး ရီးယဲလ်ကစားသမားဖြစ်သည့် ဗင်နီစီယပ်စ်နှင့် ဘယ်လင်ဟမ်တို့သည် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီနှင့်အပြိုင် ဆုရရှိရန် ရေပန်းစားနေကြောင်း သိရသည်။ 


READ NEXT
Cancel OK