Top News

■ ရီးယဲလ်၏ လာလီဂါရှုံးပွဲမရှိမှု တစ်နှစ်ပြည့်တော့မည်
24htopnews | September 13, 2024 4:12 PM CST

ရီးယဲလ်အသင်း၏ လာလီဂါပြိုင်ပွဲ၌ ရှုံးပွဲမရှိမှုမှာ တစ်နှစ်ပြည့်တော့မည်ဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်အသင်းသည် ၂၀၂၃ စက်တင်ဘာ(၂၄)တွင် အက်သလက်တီကိုအသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လာလီဂါတွင် (၃၆)ပွဲဆက်တိုက် ရှုံးပွဲမရှိတော့ခြင်းဖြစ်သည်။ 

၎င်းတို့အနေဖြင့် ဆိုစီဒက်၊ အက်စ်ပန်ညိုနှင့် အလာဗတ်စ်တို့နှင့် ယှဉ်ပြိုင်ရမည့်ပွဲများတွင် မရှုံးနိမ့်အောင် စွမ်းဆောင်နိုင်ခဲ့ပါက လာလီဂါရှုံးပွဲမရှိမှု တစ်နှစ်ပြည့်မည်ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် ယခုရာသီတွင် ပြီးခဲ့သည့်ရာသီကကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ယခုရာသီ လာလီဂါပွဲစဉ် (၄) အပြီးတွင် (၂) ပွဲနိုင်၊ (၂) ပွဲသရေဖြင့် (၈)မှတ်သာ ရရှိထားပြီး ရာနှုန်းပြည့်အနိုင်ရထားသည့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်း (၁၂ မှတ်)နှင့် (၄) မှတ်အထိ ကွာဟနေသည်။ 

ထို့ပြင် ပြီးခဲ့သည့်နွေကမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ဘာပေမှာလည်း လာလီဂါ (၄) ပွဲတွင် (၂) ဂိုးသာ သွင်းယူနိုင်သေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 


READ NEXT
Cancel OK