Top News

အစ္စရေးထိန်းချုပ်မှုအောက်ကို ပြန်လည်ရောက်ရှိလာသည့် ဂါဇာ
24htopnews | September 13, 2024 9:12 AM CST

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ် စစ်သွေးကြွများသည် အစ္စရေးကို တိုက်ခိုက်ခဲ့သည်။ နယ်စပ်ရှိ မြို့ရွာအများအပြားကို လျင်မြန်စွာ သိမ်းပိုက်ခဲ့သည်။ ကြီးမားသော နယ်မြေကို ထိန်းချုပ်ထားခဲ့သည်။

အကြမ်းဖက်သမားများသည် အစ္စရေးနှင့် ဂါဇာနယ်စပ်ရှိ ခြံစည်းရိုးများကို ကျော်လွှားရန် မြေထိုးစက်များကို အသုံးပြုခဲ့ကြသည်။ တိုက်ပွဲတွင်ကုန်းရေနှစ်ထွေသွား ယာဉ်ငယ်များနှင့် အပျော်စီးစက်မဲ့လေယာဉ် လေးများ - Paragliders ကိုအသုံးပြုခဲ့သည်။

အလစ်အငိုက်တိုက်ခိုက်မှုကို အခွင့် ကောင်းယူသည့်အနေဖြင့် အကြမ်းဖက်သမားများသည် နယ်စပ်ဒေသရှိ အစ္စရေးမြို့များ ဖြစ်သော ဆဒါရော့၊ နတ်တီဗော့၊ အက်ရှ် ကယ်လွန်၊ အိုဖာကင်တို့ကိုသာမက ကစ် ဘတ်စိုက်ပျိုးရေးဒေသကိုပါထိန်းချုပ်ထား လိုက်ကြသည်။

ဟားမာ့စ်စစ်သွေးကြွများသည် ကစ်ဘတ်ရီအမ်းနှင့်နာဟယ်အော့တို့က အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့များ (IDF) ကိုလည်း စီး နင်းတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အစ္စရေး ကာကွယ်ရေးတပ်သည် ထိခိုက်ဆုံးရှုံးမှုကြီး မားခဲ့သည်။ သေဆုံးသူများပြားခဲ့သည်။ ဒဏ်ရာရသူများပြားခဲ့သည်။ ဖမ်းဆီးခံရသူ အများ အပြားရှိခဲ့သည်။ ကျူးကျော်လာသူအရေ အတွက်သည် ခန့်မှန်းခြေ ၁,၀၀၀ ဝန်းကျင် (အထူးသဖြင့် စစ်လက်နက်ပစ္စည်းများဖြည့် တင်းပေးထားသည့် တိုက်ခိုက်ရေးတပ်ရင်း တစ်ရင်းစာ)ရှိသည်ဟု ခန့်မှန်းရသည်။

ဟားမာ့စ်တို့၏ အောင်မြင်မှုသည် အစ္စ ရေးထောက်လှမ်းရေးနှင့် အစ္စရေးကာကွယ် ရေးတပ်- IDF တို့၏ တွက်ချက်မှုမှားယွင်း  ခြင်းကြောင့်ဖြစ်သည်ဟု လေ့လာစောင့်ကြည့် သူများက မှတ်ချက်ပြုကြသည်။ အားနည်း ချက်အချို့ရှိနေသည်မှာ သံသယဖြစ်စရာ မရှိပါ။

ပြောရမည်ဆိုပါက တိုက်ခိုက်မှုကို အစ္စရေးထောက်လှမ်းရေးအဖွဲ့ အလစ်အငိုက်ခံ ရသည်ဟု ပြောဆိုနေခြင်းသည် ပုံကြီးချဲ့လွန်း ရာကျနေသည်။ အမှန်မှာ အောက်တိုဘာ ၇ ရက် ထိုးစစ်မတိုင်မီတစ်ရက်အလိုတွင် ဟားမာ့စ်၏ကနဦးလှုပ်ရှားမှုများက ဤသို့သော လက်နက်ကိုင်ကျူးကျော်မှုအတွက် ပြင်ဆင်နေပုံနှင့် လားလားမျှမဆိုင်သည့်ပုံစံပေါ်နေသည်။

ကုန်ကုန်ပြောရမည်ဆိုပါက ခေတ်အမီဆုံးသော  အစ္စရေးနည်းပညာထောက်လှမ်း ရေးအဖွဲ့တောင် ဟားမာ့စ်တို့၏ တိုက်ခိုက် ရေးအုပ်စုများ စုဖွဲ့ပုံ၊ စစ်ဆင်ရေးနယ်မြေထဲ ကို ဝင်ရောက်နေရာယူပုံ၊ နောက်ချန်တပ် ချထားပုံတို့ကို ဖော်ထုတ်နိုင်ခြင်း မရှိပေ။ ရှေးရိုးဆန်သော လက်နက်ကိုင်ကျူးကျော်မှုကို ကြိုတင်လုပ်ဆောင်သည့် အခြားလှုပ်ရှားမှု များကို မသိနိုင်ခဲ့ပေ။ ထို့အပြင် ဟားမာ့စ် သည် ယင်းသို့သော တိုက်ခိုက်ရေးအုပ်စုမှန် သမျှကို ဖန်တီးခဲ့ခြင်းမရှိပေ။

သို့တိုင် အစ္စရေးနှင့်ထိစပ်နေသော ဂါဇာနယ်စပ်တစ်လျှောက်တွင် အမြဲတမ်းလှုပ်ရှားနေကျပုံစံအတိုင်း လှုပ်ရှားမှုအချို့ရှိနေ ခဲ့သည်။ ခါဆမ်အမျိုးအစား ဒုံးကျည်များကို  လက်မှုအလုပ်ရုံများတွင် ရာချီ ထောင်ချီ ထုတ်လုပ်နေဆဲဖြစ်သည်။ ယင်းသို့ ဒုံးကျည် များကို လက်မှုပညာအသုံးပြု၍ထုတ်လုပ်နေ နေခြင်းမှာ ဂါဇာတွင် လုပ်နေကျကိစ္စဖြစ်ပါ သည်။ ထုံးစံအတိုင်း မောင်းပြန်ရိုင်ဖယ်များ၊ စက်သေနတ်များ၊ ဒုံးပစ်လောင်ချာများ ဝှေ့ ယမ်း၍ ပြင်းထန်သော ဆန္ဒပြပွဲများရှိနေ သည်ဆိုသော်လည်း ထိုးစစ်ဆင်ရန် အတွက် ပြင်ဆင်မှုများလုပ်ဆောင်ရန် မြေတူးစက် နှစ်စီး၊သုံးစီးကို နယ်စပ်သို့ မောင်းချသွား သည်ကို ဆက်စပ်ကြည့်ရန် အလွန်ပင် ခက်ခဲ နေဆဲဖြစ််သည်။

ဟားမာ့စ်အဖွဲ့သည်အောက်တိုဘာ ၇ ရက်(စနေနေ့) ထိုးစစ်ကို ဆင်နွှဲရန် သက်ဆိုင် ရာ ထောက်လှမ်းရေးအဖွဲ့များက ထောက် လှမ်းသိရှိနိုင်လောက်သည့် လက်နက်များနှင့် စစ်လက်နက်ပစ္စည်း အများအပြား မလိုအပ် ခြင်းသည်မှတ်သားစရာအချက်ဖြစ်သည်။ဤထိုးစစ်အတွက် လက်နက်အင်အား အလုံ အလောက်ရှိထားသည်။

ဂါဇာကမ်းမြောင်၏ လူထုကြားတွင် အေဂျင့်တစ်ဦးအနေဖြင့် အလုပ်လုပ်ရန် အလွန်ခက်ခဲသည်။ ထို့အပြင် မိသားစုဆွေ မျိုးတော်ကြသည့် အလွန်နည်းပါးသည့် လူ့ အသိုင်းအဝိုင်းသည်သာ ဟားမာ့စ်အဖွဲ့အ တွင်း အဓိက ဆုံးဖြတ်ချက်များကို ချမှတ်ခွင့် ရှိထားသည်မှာလည်း မှတ်သားစရာဖြစ်သည်။

ထို့ကြောင့် အစ္စရေးထောက်လှမ်းရေး အဖွဲ့ကို စွပ်စွဲပြောဆိုမှုများရှိနေသည်မှာ သေ ချာသည်။ သို့သော်လည်း ယင်းသို့စွပ်စွဲနေ ရင်း အထက်တွင် ဖော်ပြခဲ့သောအချက် များ ကို ထည့်စဉ်စားရမည်ဖြစ်ပါသည်။

ကျွမ်းကျင်သူအချို့က အစ္စရေး၏ ဒုံး ခွင်းဒုံးစနစ်ဖြစ်သော Iron Drone ၏ထိ ရောက်မှုကို သို့လောသို့လောဖြစ်နေကြ သည်။ သို့ရာတွင် ဤနေရာ၌ မှတ်သားစရာ အချက်တစ်ချက်ရှိသည်။ ဒုံးကျည်ပစ်လွှတ် မှုနှုန်းက လေကြောင်းကာ ကွယ်ရေးစနစ်တိုင်း နှင့်ဒုံးခွင်းဒုံးစနစ်တိုင်းကို အကန့်အသတ် ဖြစ်စေသည်ဟူသော အချက်ဖြစ်သည်။ ဆို လိုသည်မှာ သိပ်သည်းမှုအတိုင်းအတာတစ် ခု$ ရန်သူ၏ဝေဟင်တိုက်ခိုက်မှုကို ချေမှုန်း နိုင်စွမ်းဆိုသည်မှာ (ဥပမာ တစ်မိနစ်ကို ဒုံး ကျည်၂၅ စင်းနှုန်း) ပစ်မှတ်များကို သိအောင် လုပ်ရန်၊ ခြေရာခံရန်၊ ပစ်ချရန်တို့ကို လုပ် ဆောင်ရန်ဖြစ်သည်။

ရန်သူက ခါဆမ်ဒုံးကျည် ၅,၀၀၀ ကို မိနစ် ၂၀ အတွင်းပစ်လွှတ်မည်ဆိုပါက  မည် သည့် ဒုံးခွင်းဒုံးစနစ်မှ အဆိုပါဒုံးကျည် အ ရေအတွက် ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ (တိုက်ပွဲဝင်စစ်ဆင်ရေးများတွင် အသုံးပြုနေ ကျပုံစံအတိုင်း) ပစ်မှတ်တစ်ခုကို ဒုံးကျည် နှစ်စင်းပစ်ဖောက်၍ ပစ်ခတ်မည်ဆိုပါက အနည်းဆုံးကာကွယ်ရေးဒုံးကျည် အစင်း ၁၀,၀၀၀ လိုအပ်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စျေးဖြင့်တွက်ပါက အဆိုပါ ဒုံးကျည် တစ် စင်း၏ ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၂၀,၀၀၀ ရှိသည်။ ထို့ ကြောင့် လည်း အစ္စရေးက နောက်ထပ်ဒုံးခွင်းဒုံးစနစ်များကိုအမေရိကန်ထံမှ မေတ္တာရပ်ခံထားခြင်း ဖြစ် သည်။

ဟားမာ့စ်အဖွဲ့က IDF ထံမှ မာကာဗာ တင့်ကားများကို သိမ်းဆည်းခဲ့သည်ဟု သိရ သည်။ နောက်ဆုံး ပြုပြင်မွမ်းမံထားသော IV  ပုံစံကွဲ မာကာဗာတင့်ကားများပင် သိမ်းဆည်း ခံရသော တင့်ကားများထဲတွင်ပါဝင်သည်ဟု ဆိုသည်။ တင့်ကားအချို့သည် မီးလောင်သွား သည်ဟု သိရသည်။ အဆိုပါတင့်ကားများကို အသုံးပြုတတ်ရန် လုံးလုံးကွဲပြားနေသော လေ့ကျင့်မှုလိုအပ်နေပေရာ ဟားမာ့စ်အ ကြမ်းဖက်သမားများက မာကာဗာတင့် ကား များကို အသုံးပြုတတ်ဖွယ်မရှိဟုယူဆရ သည်။ ဟားမာ့စ်သည် မာကာဗာ IV တင့် ကား၏ ပစ်ခတ်ရေးစနစ်များကို အသုံးပြု တတ်ဖို့အသာထား၊တင့်ကားကို စက်ပင်မ နှိုးတတ်ဟု သတင်းအချို့တွင် ဖော်ပြထား သည်။

ထို့ကြောင့် ဟားမာ့စ်လက်နက်ကိုင်တပ် ဖွဲ့များက ပဋိပက္ခဇုန်များတွင် ၎င်းတို့ရရှိထား သောအတွေ့အကြုံများ၊ ရန်သူ၏အားနည်း ချက်များ၊ ခေတ်သစ် စစ်ရေးအတတ်ပညာ နယ်ပယ်က နောက်ဆုံးပေါ်အကြောင်းအရာ တို့ကိုအသေးစိတ်လေ့လာ၍ ၎င်းင်းတို့၏စစ် ဆင်ရေးကို အခြေတည်လုပ်ဆောင်ခြင်းဖြစ် သည်ဟု လေ့လာဆန်းစစ်သူအများစုက ပြော ကြားခြင်းသည် ပုံကြီးချဲ့ရာကျနေသည်။ စစ် သွေးကြွများသည်ကား စစ်ရေးအတတ်ပညာ နယ်ပယ်တွင် နောက်ဆုံးပေါ်နည်းပညာ အ  သုံးပြုတတ်သည်ဆိုခြင်းကို ထုတ်ဖော်ပြသ နိုင်ခြင်းမရှိပေ။

ဟားမာ့စ်ဘက်က လက်ဘနွန်ရှီးအိုက် အဖွဲ့ဖြစ်သော ဟစ်ဇဘိုလာပါလာနိုင်သော ကြောင့် ဟစ်ဇဘိုလာပါလာနိုင်ခြင်းက အစ္စ ရေးအတွက် အခြေအနေအရပ်ရပ်ကို ရှုပ် ထွေးသွားစေနိုင်သည်။ တစ်ချိန်တည်းမှာပင် ဟစ်ဇဘိုလာ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အများကြီးတွက်ဆ၍ မရ။ ဆီးရီးယားစစ်ပွဲ တွင် ဟစ်ဇဘိုလာသည် ခိုင်မာသော စစ်ရေး အစုအဖွဲ့ပုံစံတစ်ရပ်အဖြစ်သက်သေပြနိုင် ခြင်းမရှိသည်ကို ရုရှားစစ်ရေးကျွမ်းကျင်သူ များက ကောင်းကောင်းသိသည်။

အစ္စရေးစစ်တပ်အတွက် အရေးအကြီး ဆုံးနှင့်အရှုပ်ထွေးဆုံးပြဿနာမှာ လူဦးရေ သိပ်သည်းလွန်းသောဂါဇာမြို့တွင် အရပ် သားပြည်သူများကို လူသားဒိုင်းအဖြစ်အသုံး ပြုသော ဟားမာ့စ် ပစ်မှတ်များကို အရပ်သား များနှင့်ခွဲထုတ်ရန် မဖြစ်နိုင်ခြင်းပင်ဖြစ် သည်။ သို့တိုင်အစ္စရေးက ဂါဇာနယ်စပ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သည်။

Ref: RT

Photo: AFP


READ NEXT
Cancel OK