Top News

တနိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှုဖြစ်ပွား
24htopnews | October 14, 2024 11:12 PM CST

တနိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်မှုများအရ သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်ခန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့တောင်ဘက် ၁၉ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၂၆ ဒသမ ၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၈၈ ဒီဂရီ၊ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု ထုတ်ပြန်သည်။

အလားတူ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၂၂ မိနစ်ခန့်တွင် တောင်ငူမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၁၃ မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရေတာရှည်မြို့၏ အရှေ့မြောက် ရှစ်မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၁၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၄၇ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးဇလက ထုတ်ပြန်သည်။

ယင်းအပြင် အောက်တိုဘာ ၁၁ ရက်ေ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၁၀ မိနစ်၊ ၅၆ စက္ကန့်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၉၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးဇလက ထုတ်ပြန်သည်။


READ NEXT
Cancel OK