Top News

မန္တလေးမြို့တွင်  ယာဉ်စစ်လုပ်ငန်းဆောင်ရွက်နေသော ယာဉ်ထိန်းအမျိုးသမီး အရာရှိတစ်ဦး ပစ်ခတ်ခံရ
24htopnews | October 14, 2024 10:12 PM CST

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂လမ်း၊ ၁၂၄လမ်းနဲ့ ၁၂၅လမ်းကြားတွင် ယာဉ်ထိန်းရဲမေတစ်ဦး အောက်တိုဘာလ ၁၃ ရက်  ညနေပိုင်းက  ပစ်ခတ်ခံရကြောင်း သိရှိရသည် ။

 ဖြစ်စဉ်မှာ  ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊  ၆၂လမ်း၊ ၁၂၄လမ်းနှင့် ၁၂၅လမ်းကြားတွင်  ရဲအုပ်သိင်္ဂီဝင်း ဦးစီး(၃+၈)ဦးဆောင်၍ ယာဉ်စစ်လုပ်ငန်းဆောင်ရွက်နေစဉ် အမည်မသိအမျိုးသား(၂)ဦး (CZIဆိုင်ကယ်၊ အရောင်မမှတ်မိ၊ နံပါတ် စိစစ်ဆဲ)ဆိုင်ကယ်ဖြင့် မြောက်မှတောင်သို့ မောင်းနှင်လာစဉ် ဒုရဲအုပ် ဖူပွင့်ဇော် အားသေနတ်အတို(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်ဖူးပွင့်ဇော်၏ နောက်ညာဘက်လက်ပြင်မှ ဖောက်ဝင်၍ ရှေ့ရင်ဘက်သို့ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိပြီး မဆရ(၁)သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ် ပြန်ထားကြောင်း တွေ့ရှိရသည် ။

မန္တလေးမြို့ပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်မှုများကို လမ်းဆုံလမ်းခွများ နှင့် မီးပွိုင့်များတွင် ရှောင်တခင်စစ်ဆေးဆောင်ရွက်ခြင်း ၊ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိသည်။


READ NEXT
Cancel OK