Top News

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ နေပြည်တော် နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေး
24htopnews | September 8, 2024 6:12 PM CST

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပုဗ္ဗသီရိမြို့ရှိ ၎င်း၏ နေအိမ်တွင် နိုဝင်ဘာ ၆ ရက်က ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်သည့် ကြိုတင်ဆန္ဒမဲကောက်ယူရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေနှင့် ဇနီးဖြစ်သူတို့သည့် ၎င်းတို့နေထိုင် ခြံအမှတ် (A-1) တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

“သူကိုယ်တိုင် ဆန္ဒမဲပေးပါတယ်။ (လက်ရှိတိုင်းပြည်ရေးအပေါ် သတင်းစကားပါလိုက်တာမျိုးရှိလား) ကျွန်တော်တို့က ခပ်ဝေးဝေးမှာနေရတယ်။ ဘာကြောင့်လဲဆိုတော့ မဲဆန္ဒရှင်ရဲ့ ဆန္ဒပြုနေတာ အနှောက်အယှက်၊ အဟန့်အတားဖြစ်မှာစိုးလို့ ဝေးဝေးမှာနေပေးပါတယ်။ ဘာမှတော့ ကျွန်တော်တို့ မမေးပါဘူး၊ မပြောပါဘူး။ ကျန်းမာရေး ကောင်းပါတယ်။ ကိုယ်တိုင်တံဆိပ်တုံးထုပြီး ကိုယ်တိုင်မဲပေးတာပါ” ဟု ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးကပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ခြောက်လုံးတန်းအိမ်ရာတွင် ဆန္ဒမဲကောက်ယူခြင်းကို ယနေ့ (နိုဝင်ဘာ ၆ ရက်) တွင် အပြီးကောက်ယူခဲ့ခြင်းဖြစ်ပြီး ကောက်ယူပြီးစီးခဲ့ပြီဖြစ်ကြောင်း ဦးသိန်းထွေးက ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးက “အားလုံး ဒီခြောက်လုံးတန်းမှာရှိတဲ့ လူကြီးများကိုတော့ ဒီနေ့အပြီးကောက်သွားမှာ ဖြစ်ပါတယ်။ အားလုံးလည်း ကျွန်တော်တို့ ကိုယ်တိုင်ကောက်နေပါတယ်” ဟု ပြောကြားသည်။

ကြိုတင်ဆန္ဒမဲပေးသည့် အချိန်တွင် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ အနေဖြင့် ကိုယ်တိုင် ကြိုတင်ဆန္ဒမဲပေးခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့်အရာကိုမျှ ထွေထွေထူးထူးပြောကြားခဲ့ခြင်းမရှိကြောင်း ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးသန်းလွင်က ပြောကြားသည်။

“ကြိုတင်မဲယူပြီးပါပြီ။ အားလုံးအဆင်ပြေပါတယ်။ အားလုံးပြီးစီးပါပြီ၊ ဒီနေ့။ (ဦးသန်းရွှေက သူကိုယ်တိုင်မဲပေးတာလား) ဟုတ်ကဲ့၊ သူကိုယ်တိုင်ပေးပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ သူကိုယ်တိုင်ဆန္ဒမဲပေးတာပါ။ အိမ်တိုင်ရာရောက် ကြိုတင်မဲခေါ်တာပေါ့” ဟု ဦးသန်းလွင်က ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင်ရှိသော ခြံအမှတ်(A-1) မှ (A-6) အထိ နေအိမ်ခြံဝန်များတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ် တာယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ အပါအဝင် တပ်မတော်၌ ထိပ်တန်းရာထူးများကို တာဝန်ထမ်းဆောင်ခဲ့သူများ နေထိုင်လျှက်ရှိသည်။

ခြံအမှတ် (A-1) မှ (A-6) အထိသော နေအိမ်ခြံဝန်းများမှ ကြိုတင်ဆန္ဒမဲပေးသူ စုစုပေါင်း ၃၇ ဦးရှိပြီး ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏ နေအိမ်မှ ၂၀ ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးမောင်အေး၏ နေအိမ်ခုနစ်ဦး၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၏ နေအိမ်မှလေးဦးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး၏ နေအိမ်မှခြောက်ဦး ပါဝင်ကြောင်း သိရသည်။

 


READ NEXT
Cancel OK