Top News

တရုတ်နိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ကုန်းလမ်းမှတစ်ဆင့် ပြန်လာသူအားလုံးကို သက်ဆိုင်ရာ နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် Quarantine ထားရှိပြီး စောင့်ကြပ်ကြည့်ရှုနေ
24htopnews | September 20, 2024 7:12 PM CST

တရုတ်နိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့်  ကုန်းလမ်းမှတစ်ဆင့် ပြန်လာသူအားလုံးကို သက်ဆိုင်ရာ နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် Quarantine ထားရှိပြီး စောင့်ကြပ်ကြည့်ရှု နေကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ညွန့်က COVID-19  အကြောင်း သိကောင်းစရာ အမေးအဖြေအစီအစဉ်တွင် ထည့် သွင်းပြောကြားသည်။

“ရှမ်းပြည်နယ် (မြောက်ပိုင်း) အနေနဲ့ တရုတ်နိုင်ငံနဲ့  ထိစပ်နေပြီး ကုန်းလမ်းကနေ ဝင်နိုင်တဲ့ ဝင်ပေါက် ၁၂ ခုရှိပါတယ်။ ဝင် ပေါက်အားလုံးကို ကျွန်တော်တို့ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းတွေကို COVID-19 စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်ကနေ စတင်ဆောင်ရွက်နေတာ ဖြစ် ပါတယ်။ တရုတ်နိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ပြန်လာတဲ့သူ မြန်မာနိုင်ငံသားတွေ၊ အကျဉ်းကျပြီး ပြန်လည်ပို့ဆောင်သူအားလုံးကို သက်ဆိုင်ရာနှစ်နိုင်ငံနယ်စပ် ဂိတ်တွေမှာ Quarantine ထားပြီး သူတို့တွေ ကို အမြဲတမ်းစောင့်ကြည့်နေပါတယ်။ အခုနောက်ဆုံး ပြောင်းလဲဆောင်ရွက်မယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က ထွက်ရှိလာတဲ့ လမ်းညွှန်ချက်အတိုင်း တရုတ်နိုင်ငံနဲ့ ပြည်ပ နိုင်ငံတွေကနေ ကုန်းလမ်းကတစ်ဆင့် ဝင် ရောက်လာသူတွေကို ပြန်လည်ရောက်ရှိတဲ့ နေရာတွေမှာ အသွားအလာကန့်သတ်ပြီး Quarantine ထားရှိပါတယ်” ဟု ဒေါက်တာ တင်မောင်ညွန့်က ပြောကြားသည်။

တရုတ်နိုင်ငံမှ ပြန်လာသူအားလုံးကို ပထမအကြိမ် COVID-19 Antigen Rapid Test Kit ဖြင့် စစ်ဆေးပြီး ဒုတိယအ ကြိမ်တွင် RT-PCR နည်းဖြင့် ဓာတ်ခွဲစစ် ဆေးလျက်ရှိကြောင်းလည်း ဒေါက်တာတင်မောင်ညွန့်က ဆက်လက်ပြောကြားသည်။

“အသွားအလာ စတင်ကန့်သတ်ထားတဲ့ သုံးရက်မြောက်နေ့မှာ ပထမအကြိမ် COVID-19 Antigen Rapid Test Kit နဲ့ စစ်ဆေးပါမယ်။ Positive ဆိုရင် သတ်မှတ်ထားတဲ့ ဆေးရုံတွေမှာ ကုသမှုပေးပါ တယ်။ ပထမအကြိမ် ဓာတ်ခွဲနမူနာမှာ Negative ဖြစ်တယ်ဆိုရင် အသွားအလာကန့် သတ်ထားတဲ့ ၁၁ ရက်မြောက်နေ့မှာ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာကို RT-PCR နဲ့ ဓာတ် ခွဲစစ်ဆေးမှာဖြစ်ပါတယ်။ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာမှာ မတွေ့ရင် အသွားအလာ ကန့်သတ်ထားတဲ့အချိန်ကစပြီး ၁၄ ရက်အ တွင်း သတ်မှတ်ထားတဲ့နေရာမှာ Facility Quarantine ထားရှိပြီး နေအိမ်မှာ ခုနစ်ရက် Home Quarantine ထားဖို့ စီစဉ်ထားပါ တယ်” ဟု ဒေါက်တာတင်မောင်ညွန့်က ဆက်လက်ပြောကြားသည်။

SARS-CoV -2 ဗိုင်းရပ်စ်၏ မျိုးဗီဇ တစ်ခုလုံးကို လေ့လာနိုင်ရန် ဆောင်ရွက်ခဲ့ ရာ လက်ရှိအထိ ဓာတ်ခွဲနမူနာပေါင်း ၆၀ ကျော် စစ်ဆေးထားပြီး ယင်းနမူနာများ၏ မျိုးဗီဇများကို US/NCB /Gen Bank တွင် တင်သွင်းစိစစ်ခံပြီး အတည်ပြုချက်ရယူခဲ့ ကြောင်း ဆေးသုတေသနဦးစီးဌာနမှ သိရ သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်မှစ၍ မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ COVID-19ရောက်ရှိပျံ့နှံ့လာချိန်မှ စတင် ပြီး SARS-CoV -2 ဗိုင်းရပ်စ်၏ မျိုးဗီဇတစ် ခုလုံး လေ့လာနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအထိ စုစုပေါင်းဓာတ်ခွဲနမူနာ ၆၀ ကျော်ကို စစ်ဆေးလေ့လာနိုင်ခဲ့ပြီး ယင်း နမူနာများ၏ မျိုးရိုးဗီဇ Sequences များကို US/NCB/Gen Bank တွင် တင်သွင်း စိစစ်ခံ၍ အတည်ပြုချက်ရယူပြီးဖြစ်ကြောင်း သိရသည်။ 

COVID-19ကာကွယ်ထိန်းချုပ်ကုသ ရာမှ သိရှိလာသော အတွေ့အကြုံနှင့် သုတေသနလေ့လာတွေ့ရှိချက်များကို ဇန်နဝါ ရီ ၁၈ ရက်မှ ၂၁ ရက်အထိ လေးရက်ကြာ ပြုလုပ်ခဲ့သည့် ၄၉ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ တွင် အထူးအစီအစဉ်ဖြင့် ထည့် သွင်းကျင်းပ ခဲ့ကြောင်းသိရသည်။

သုတေသနတွေ့ရှိချက်များအရ ကမ္ဘာပေါ်တွင် ကူးစက်မှု ပိုမိုမြန်ဆန်လာစေနိုင်မှု နှင့် ဆက်စပ်နေသော D6 14 G မျိုးဗီဇ ပြောင်းလဲမှုနှင့် အခြားတွဲဖက်ဖြစ်ပေါ်နေသော မျိုးဗီဇပြောင်းလဲမှုများ၊ တောင်အာဖရိကနိုင်ငံတွင် အဖြစ်များလာမှုနှင့် ဆက်စပ်သည်ဟု ယူဆရသော မျိုးဗီဇပြောင်းလဲမှုများ၊ ဒိန်းမတ်နိုင်ငံတွင် မြွေပါကတိုးများမှ တစ်ဆင့် လူသားများထံ ကူးစက်မှုဖြစ်ပေါ် သည်ဟု သံသယရှိသော Cluster-5 မျိုးဗီဇ ပြောင်းလဲမှုများ၊ နိုင်ဂျီးရီးယားနိုင်ငံတွင် အ သစ်ထပ်မံတွေ့ရှိလာသည့် မျိုးဗီဇပြောင်းလဲ မှုများ၊ မြန်မာနိုင်ငံရှိ ဓာတ်ခွဲနမူနာများတွင် တွေ့ရှိရသော မျိုးဗီဇပြောင်းလဲမှုများနှင့် မျိုးဗီဇနွယ်ဆိုင်ရာ အချက်အလက်များကို ဆန်းစစ်ခြင်းများမှ သုတေသနတွေ့ရှိချက် များကို ကျန်းမာရေးဆိုင်ရာ သုတေသန ညီ လာခံတွင် တင်သွင်းဖတ်ကြားခဲ့ကြောင်း သိ ရသည်။

 


READ NEXT
Cancel OK