Top News

ရွှေဘိုခရိုင်တွင် ကြိုတင်မဲပေးရာ၌ ဥပဒေနှင့်မညီဘဲ နိုင်ငံရေး ပါတီဝင်အချို့နှင့် ပါတီထောက်ခံသူ အချို့ ဝင်ရောက်စွက်ဖက်မှု ရှိသည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားမှုများရှိ
24htopnews | September 8, 2024 6:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တွင် ကြိုတင်မဲပေးရာ၌ဥပဒေနှင့်မညီဘဲ နိုင်ငံရေးပါတီဝင်အချို့နှင့် ပါတီထောက်ခံသူအချို့က ဝင်ရောက်စွက်ဖက်မှုရှိသည်ဟု ဆိုကာအမှုဖွင့် တိုင်ကြားမှုများရှိကြောင်း ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မင်းဦး၏ ပြောကြားချက်အရ သိရသည်။

ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားမှုများမှာ ရွှေဘိုမြို့နယ်တွင် NLD ပါတီ ထောက်ခံသူတစ်ဦးကို ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကလည်းကောင်း၊ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်တစ်ဦးကို ပြည်သူ့ရှေ့ ဆောင်ပါတီကလည်းကောင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

အလားတူခင်ဦးမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က အပြန်အလှန် အမှုဖွင့်ထားကြောင်းသိရသည်။

“သက်ဆိုင်ရာနိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ဆန္ဒပြုတဲ့နေရာမှာဥပဒေနဲ့ မညီ ဘူး။ ဝင်ရောက်စွက်ဖက်မှုတွေရှိလို့ တိုင်ထားတာတွေရှိပါတယ်။ ရဲစခန်းမှာအမှုဖွင့် တိုင်ကြားထားတဲ့ နိုင်ငံရေးပါတီတွေက တော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရယ် ပြည်သူ့ရှေ့ဆောင်ပါတီရယ်၊ နောက်တစ်ခါ ခင်ဦးမြို့နယ်မှာသက်ဆိုင်ရာ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ ကြိုတင် မဲပေးတဲ့နေရာမှာ ဥပဒေနဲ့မညီညွတ်လို့ဆို ပြီးတော့တိုင်ထားတာရှိပါတယ်။ ခင်ဦးမြို့ နယ်မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက နှစ်ဖက်စလုံးအပြန်အလှန်တိုင်ထားကြတာပါ” ဟု ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မင်းဦးက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၄၁ သိန်းကျော်ရှိပြီးမဲရုံ ၄၀၀၀ ကျော် အထိရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းများ အရ သိရသည်။      

 

 


READ NEXT
Cancel OK