Top News

ရွေးကောက်ပွဲရက်တွင် တာဝန်ကျ မဲရုံဝန်ထမ်းများ အပါအဝင် တာဝန်ချထားသော ဝန်ထမ်းအားလုံးကို COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးမည် မဟုတ်ဘဲ တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်စေပြီး ဆောင်ရွက်မည်
24htopnews | September 8, 2024 6:12 PM CST

ရွေးကောက်ပွဲရက်တွင် တာဝန်ကျမဲရုံ ဝန်ထမ်းများ အပါအဝင် တာဝန်ချထားသော ဝန်ထမ်းအားလုံးကို COVID-19 ရောဂါ ပိုးရှိ မရှိ စစ်ဆေးမည်မဟုတ်ဘဲ တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်စေ ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေးဌာနခွဲ) မှ ဒေါက်တာသန္တာလွင်က ပြောကြားသည်။

“အထူးရဲတွေကို COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးပေးပါတယ်။ ဒါပေမဲ့ ကျန် တဲ့မဲရုံမှာ တာဝန်ချထားမယ့် မဲရုံဝန်ထမ်း တွေ၊ ပညာရေးဌာနကရော၊ ကျန်းမာရေး ဌာနကရော တာဝန်ချထားမယ့် စေတနာ ဝန်ထမ်းတွေလည်းရှိပါတယ်။ အဲဒီလူတွေ ကို စစ်ဆေးပေးမှာ မဟုတ်ဘဲ တာဝန်ချထားတဲ့ ဝန်ထမ်းတွေအားလုံးကို လုံလောက်တဲ့ တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင်ပေးပြီး ရောဂါကူးစက်ခြင်းမရှိ အောင် ကာကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုပဲ မဲလာပေးမယ့် မဲဆန္ဒရှင်တွေကလည်း နှာ ခေါင်းနဲ့ ပါးစပ်ကို KN 95 Mask ဝတ်ဆင်ပြီးမှ မဲရုံအတွင်း ဝင်ပြီးတော့ မဲပေးရမှာဖြစ် ပါတယ်။ ဒါကြောင့် အပြန်အလှန်ကာကွယ် ထားပြီးဖြစ်တဲ့အတွက် လုံခြုံစိတ်ချစွာ မဲပေး နိုင်ဖို့ ကျွန်မတို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ COVID-19 ဖြစ်ပွားမှုများနေတဲ့ မြို့နယ်တွေဆိုရင် မဲဆန္ဒရှင်တွေကို KN 95 Mask အပြင် Face Shield ပါ ထုတ်ပေးပြီးတော့မှ မဲပေးနိုင်ဖို့အတွက် စီစဉ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ သန္တာလွင်က ပြောကြားသည်။

ရွေးကောက်ပွဲနေ့ မဲရုံအသီးသီးတွင် ထားရှိမည့် ဆန္ဒပြုတံဆိပ်တုံးကို ပုံစံတူတံ ဆိပ်တုံးနှင့် လဲလှယ်မှုမရှိစေရန် တံဆိပ်တုံး လက်ကိုင်ကို ကြိုးဖြင့်ချည်နှောင်ပြီး ဆန္ဒပြု ခန်းစက္ကူနံရံတွင် ယှဉ်တွဲချည်နှောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများထံ နိုဝင်ဘာ ၃ ရက်က ညွှန်ကြားခဲ့သည်။

UEC အမှတ်တံဆိပ်ပါ ဆန္ဒပြုအမှန် ခြစ်တံဆိပ်တုံးများကို ပုံစံတူအခြားတံဆိပ်တုံးဖြင့် လဲလှယ်အသုံးပြုမှုမရှိရန် အဆိုပါ တံဆိပ်တုံး၏လက်ကိုင်တွင် ကြိုးအသေးဖြင့် ခိုင်မာစွာချည်နှောင်၍ လျှို့ဝှက်ဆန္ဒပြုခန်း ၏ ဘေးစက္ကူနံရံကို ဖောက်ပြီး ခိုင်မာစွာချည်နှောင်ထားရန်၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ က အချိန်ခွဲဝေသတ်မှတ်ပြီး အလှည့်ကျစစ် ဆေးသွားရန် ကော်မရှင်ညွှန်ကြားစာတွင် ဖော်ပြထားသည်။

“တံဆိပ်တုံးကို ဆန္ဒမဲပေးရင်းနဲ့ အတု နဲ့ လဲသွားမှာစိုးလို့ ကျွန်တော်တို့ မဲရုံထဲက တံဆိပ်တုံးအမှန်ကို ကျွန်တော်တို့ဘာသာ ကြိုးချည်မယ်။ ဆန္ဒပြုခန်းမှာ ကလစ်နဲ့ ညှပ် ထားမယ်။ မဲရုံမှူးနဲ့ ဒုမဲရုံမှူးက ဆန္ဒပြုခန်း ရှင်းတဲ့အချိန်မှာ မဲပေးသူမရှိတဲ့အချိန်မှာ Checking လုပ်မယ်ဆိုတဲ့ ညွှန်ကြားချက်ပါ” ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားခဲ့သည်။

လက်ရှိ ကြိုတင်မဲပေးသည့်ဖြစ်စဉ်များတွင် တံဆိပ်တုံးအတုအသုံးပြုသည့် ဖြစ်စဉ် အချို့ ပေါ်ပေါက်နေခြင်းကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်း သို့ ညွှန်ကြားခြင်းဖြစ်သည်ဟု ၎င်းင်းက မှတ် ချက်ပြုထားကြောင်းသိရသည်။

လက်ရှိကြိုတင်ဆန္ဒမဲပေးသည့်ကာလတွင် လှည်းကူးမြို့နယ်၊ ပုသိမ်မြို့နယ်၊ အိမ်မဲ မြို့နယ်နှင့် ပေါင်မြို့နယ်တို့၌ တံဆိပ်တုံးအတု အသုံးပြုသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ 

လှည်းကူးမြို့နယ် မြို့မရပ်ကွက် မဲရုံအမှတ် (၂) တွင် ဖြစ်ပွားခဲ့သည့် တံဆိပ်တုုံးအတု အသုံးပြုသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရွေး ကောက်ပွဲဥပဒေပုဒ်မ ၅၉ ဖြင့် အမှုဖွင့်ထား ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည်။

 

 


READ NEXT
Cancel OK