Top News

ရှားတောမြို့နယ် ကြယ်တံခွန် ကျေးရွာတွင် အသက် ၆၀ အထက် ကြိုတင်မဲ ကောက်ယူမှု၌ အခြားသူများထံမှ ကြိုတင်မဲများ ကောက်ယူလာသဖြင့် ပါတီလေးပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက ကန့်ကွက်
24htopnews | September 8, 2024 6:12 PM CST

ရှားတောမြို့နယ် ကြယ်တံခွန်ကျေးရွာတွင် အသက် ၆၀ အထက် ကြိုတင်မဲကောက်ယူမှုတွင် အခြားသူများထံမှ ကြိုတင်မဲများကောက်ယူလာသဖြင့် ပါတီလေးပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက ကန့်ကွက်ထားကြောင်း သိရသည်။

ကြယ်တံခွန်ကျေးရွာတွင် ကြိုတင်မဲလေးမဲသာ ကောက်ခံရမည်ဖြစ်သော်လည်း နိုဝင်ဘာ ၄ ရက်တွင်  မဲပုံးရောက် လာပြီးနောက် ကြိုတင်မဲ စုစုပေါင်း ၅၉ မဲ ကိုတွေ့ရှိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လက်ခံသော်လည်း ကျန်ပါတီများက လက်မခံသောကြောင့် မဲပုံးအား ချိတ်ပိတ်ပြီး မြို့နယ်ရဲစခန်းတွင် သိမ်းထားကြောင်း သိရသည် ။

'' ကျွန်တော်တို့မနေ့က ပါတီလေးပါတီနဲ့ တစ်သီးပုဂ္ဂလ ပေါင်းပြီး တိုင်ထားပါတယ် ။ ကျွန်တော်တို့ KySDP၊ UBP၊ USDP၊ NDF အပြင် တစ်သီးပုဂ္ဂဖြစ်တဲ့ လက်ရှိ လွှတ် တော်ဥက္ကဌ ဦးလှထွေးတို့ စုပေါင်းတိုင်ထားတာပါ '' ဟု ရှားတောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂) KySDP ပါတီ ကိုယ်စားလှယ်လောင်း ဦးစိုင်းအုန်းမြင့်က ပြောကြားသည်။

ထိုသို့ ကိုယ်စားလှယ်လောင်းများက ကန့်ကွက်၍ မြို့နယ်ကော်မရှင်သို့တိုင်ကြားရာ မဲအားလုံးကို အတည်ပြု လက်ခံမည်ဟုဆိုသဖြင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံ တိုင်ကြားစာပို့ထားကြောင်း နိုဝင်ဘာ ၇ ရက်တွင်သိရသည် ။

'' ဟုတ်ကဲ့ကျွန်တော်တို့သွားကောက်တာကတော့ UEC ရဲ့အမိ်န့်နဲ့ပေါ့။ သွားကောက်တာက လေးမဲပဲ ။ အသက် ၆၀ ပြည့်တဲ့လေးမဲ ပဲရှိ လို့၊ ရောက်တုန်းရောက်ခိုက် မဲဆန္ဒရှင်ဆန္ဒရှိရင် ပါအောင်ယူခဲ့ဒီလိုမျိုး ကောက်လာတာပါ ။ ကောက်လာပြီးတော့ ကျွန်တော်တို့ ဒီကိုရောက်တဲ့အဒါကျ တော့ တချို့ပါတီတွေက မသိရပါဘူးဆိုပြီးတော့။ ချိတ်ပိတ်ခဲ့တယ်လေ ။ အဲလိုပုံစံပါ'' ဟု ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကူးရယ်က နိုဝင်ဘာ  ၅ ရက်တွင် The Daily Eleven သတင်းစာကိုပြောကြားထားသည်။

ကြယ်တံခွန်ရွာသည် ရွာအသစ်ဖြစ်ပြီး သစ်ခုတ်လုပ်သား မိသားစုများနေထိုင်သော ကျေးရွာဖြစ်ကြောင်း၊ ရှားတောမှ အသွားအပြန်လေးရက်ကြာသဖြင့် နိုဝင်ဘာ ၈ ရက်တွင် ရှားတောမြို့ စျေးပိုင်းရပ်ကွက်ရှိ ဓမ္မာရုံမဲရုံတွင် လာရောက်မဲပေးကြရမည် ဖြစ်ကြောင်းလည်းသိရသည် ။

'' ပထမ ကြယ်တံခွန်ကျေးရွာကိုသွားဖို့က ပါတီအားလုံးကို အစည်းအဝေးခေါ်တယ်၊ နောက်ကြယ်တံခွန်ကျေးရွာမှာ ကောက်မယ့် မသန်မစွမ်း လေးယောက်ပေါ့၊ ပြောတယ်။ ပြောတော့ သွားနိုင်မသွားနိုင် ပါတီတွေက လက်မှတ်ထိုးပေးပါဆိုတော့ မသွားနိုင်တာက သုံးပါတီ၊ သွားနိုင်တာက သုံးပါတီ ၊ နောက်သူတို့သွားလိုက်တယ် လေးရက်ကြာတာပေါ့။ သွားတာက ခုနပြောသလို လေးယောက်ပဲသွားကောက်မှာ ၊ ဟိုရောက်ကျတော့ ဒီကြားထဲကနေ ရွာသစ်ရောက်တဲ့ချိန်မှာ အထက်ကညွှန်ကြားချက် အရဆိုပြီးတော့ တကယ်လို့ဆန္ဒရှိတဲ့ပြည်သူရှိရင် အကုန်ကောက်ခံလာခဲ့၊ ဒီတိုင်း အကြောင်းပြတာပေါ့။ ကျွန်တော်ကမေးလိုက်တာ စာနဲ့လာတာလား။ ဖုန်းနဲ့လာတာလား ဆိုတော့ စာနဲ့လာတာတဲ့ ၊ စာနဲ့လာရင် ကျွန်တော်တို့ပါတီကို အကြောင်းကြားပေးလေ။ အကုန်လုံး။ အခုဘာမှ အကြောင်းမကြားပဲနဲ့ သူတို့ဘာသာသူတို့ကောက်လာတယ်ဆိုတော့ ဒါကတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူးပေါ့။ စာလည်းမပြဘူးဗျ ၊ မေးတော့လည်းမဖြေဘူး။ ရုံးမှာရှိပါတယ် ဖြေတယ်။ မနေ့ကပြန်ရောက်လာတာ လေးရက်တော့ကြာတယ် ၊  သူတို့မဲပုံးဖွင့်မယ ်ဆိုတော့ ဒီမဲပုံးက ဘာမဲတုန်းဆိုတော့ ဒါပေမယ့် သူတို့က ကွာနေတာပေါ့ ။ ကောက်ခိုင်းတာလေးဦးပဲ ။ ဘာလို့အများကြီး ဖြစ်နေတာလည်း ဆိုတော့ ရပ်ကျေးကော်မရှင်က ကျွန်တော်တို့မကောက်ချင်ဘူး။ ရွာလိုက်သွားတာက အစိမ်းနဲ့အနီပဲပေါ့။ နှစ်ပါတီ ပဲ လိုက်တယ် ။ အစိမ်းကတော့ ကန့်ကွက်တာပေါ့။ ပြဿနာမဖြစ်ချင်ဘူး။ လေးယောက်ဆို လေးယောက်ပဲကောက်ပါ။ ပြောတာပေါ့ ။ အနီဘက်က ကောင်လေးမေးကြည့်တော့ ကျွန်တော်တို့ဘာမှမသိဘူး။ ကျွန်တော်တို့ ကိုလိုက်သွား ဒီလိုပဲညွှန်ကြားတယ် '' ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ စိုင်းအုန်းမြင့်က ပြောကြားသည်။

ရှားတောမြို့နယ် တွင် ဌာနေတိုင်းရင်းသား ကယား နှင့် ရှမ်း လူမျိုးများအများဆုံး နေထိုင်ကြပြီး စုစုပေါင်း လူဦးရေ ၆၀၀၀ ကျော်ရှိပြီး မဲပေးနိုင်သူ ၅၀၀၀ ကျော်ရှိကြောင်း သိရသည် ။

 

·

 


READ NEXT
Cancel OK