Top News

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) မဲလက်မှတ်အချို့တွင် ၎င်း၏အမည် မပါသည့် သက်သေများ ရရှိထားပြီး တရားရုံးသို့ တင်ပြမည်ဖြစ်ကြောင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း ပြောကြား
24htopnews | September 8, 2024 6:12 PM CST

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉) မဲလက်မှတ် အချို့တွင် ၎င်း၏အမည်မပါသည့်  သက်သေများ ရရှိထားပြီး တရားရုံးသို့ တင်ပြမည်ဖြစ်ကြောင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)တွင် အကျုံး ဝင်မြို့နယ်အဖြစ် တနင်္သာရီမြို့နယ်သာ ပါဝင်သည်။

 ယင်းမဲဆန္ဒနယ်တွင် အမည်မပါသည့် သက်သေများကို မြို့နယ်ကော်မရှင်သို့ နှုတ်ဖြင့်တင်ပြခဲ့သကဲ့သို့ စာဖြင့်လည်းတင်ပြမည် ဖြစ်ကာ သက်သေများကို တရားရုံး၌သာ ထုတ်ဖော်မည်ဖြစ်ကြောင်း  ဒေါက်တာညိုညို သင်းကဆိုသည်။

“မဲလက်မှတ်တွေ အကုန်လုံးမှာလို့ အန်တီ မပြောဘူး။  မဲလက်မှတ်တချို့မှာ အန်တီရဲ့အမည် မပါလာတဲ့အတွက်ကြောင့် အန်တီကိုထောက်ခံတဲ့သူတွေက တခြားသူ တွေကို မဲပေးခဲ့ရတယ်ဆိုတဲ့အကြောင်း အန်တီကို ပြောပြခဲ့တယ်။ ဖြစ်စဉ် စဖြစ်တာက ၂၉ ရက်၊ ၃၀ ရက်ကတည်းက စတာ၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက သိပ်ပြီးတော့အလေး မထားခဲ့ဘူး။ လူကြီးတွေမို့လို့ မျက်စိရှန်းတာပဲ  သတ်မှတ်ခဲ့တယ်။ သေချာချင်လို့ ၃၁ ရက် နေ့မှာ အခင်းဖြစ်ပွားတဲ့ မဲရုံတွေမှာပဲ ကိုယ့်ရဲ့ အမာခံတွေကို မဲထည့်ခိုင်းလိုက်တယ်။ အဲဒီ ၃၁ ရက်နေ့မှာတော့ မဲလက်မှတ်မှာ အန်တီ အမည်ပြန်ပါလာတယ်။ တစ်ဦး(သို့)အဖွဲ့ အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ် နေတယ်ဆိုတာ ထင်ရှားတယ်။ ပထမနေ့မှာ မတွေ့ရဘူး။ ဒုတိယနေ့မှာလည်း မတွေ့ရ ဘူး။ တတိယနေ့မှာမှ မဲလက်မှတ်မှာ အန်တီ ရဲ့အမည်ပြန်ပါလာတယ်။ အန်တီတို့ ဒီဘက် မှာ အာရုံစိုက်နေတဲ့အချိန်မှာ တခြားနေရာ (အလှမ်းဝေးတဲ့နေရာ) အဲဒီလို ဖြစ်စဉ်မျိုး ထပ်ဖြစ်တယ်။ မနေ့ (နိုဝင်ဘာ ၆ ရက်)က လည်းထပ်ဖြစ်သေးတယ်။ အဲဒီတော့ မနေ့က နဲ့ ဒီနေ့မှာသက်သေခံတွေ အန်တီတို့ စု ဆောင်းလိုက်တာ အခုသက်သေရသွားပြီ။ မြို့နယ်ကော်မရှင်ကို အခု နှုတ်နဲ့ပြောထား တယ်။ ဒီနေ့ညနေကျရင် စာနဲ့တင်မယ်။ ဒါ ပေမဲ့ သက်သေတွေကို အန်တီတို့မပေးဘူး။ တရားရုံးရောက်မှ တင်မယ်” ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

ဒေါက်တာညိုညိုသင်းအနေဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခြင်း ဖြစ်သဖြင့် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များတွင် ၎င်း၏အမည်ပါဝင်မည် မဟုတ်ဘဲ မဲတစ်ပြားတွင်သာ ပါမည်ဟု ကော်မရှင်က ပြောကြားသော်လည်း နေရာခုနစ်နေရာမှ အမည်မပါသည့် မဲလက်မှတ်သက် သေအခိုင်အမာရရှိထားသည်ဟု ပြောကြားခြင်းဖြစ်သည်။

မဲရုံများတွင်မဲပြားများ ပြန်လည်စစ်ဆေးခိုင်းထားပြီး အမျိုးသားလွှတ်တော်တွင် ဒေါက်တာညိုညိုသင်း အမည်ပါရှိကြောင်း တနင်္သာရီမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးအောင်က ပြောကြားသည်။

“ကျွန်တော်တို့ရဲ့သဘောထား မှတ်ချက်ကတော့ သူကအမျိုးသားလွှတ်တော်မှာ အ ရွေးခံတဲ့အတွက် ကျန်တဲ့လွှတ်တော်တွေမှာ သူ့အမည်မပါနိုင်ဘူး၊ ဒါပေမဲ့ သူ Voter Education လုပ်တဲ့အချိန်မှာ မဲဆန္ဒရှင်တွေကို လက်မှတ် သုံးစောင်ရမယ်။ အဲဒီသုံးစောင်စလုံးမှာ သူ့အမည်ရှာပြီး တံဆိပ်တုံးထုလို့ ပြောကောင်းပြောလိမ့်မယ်။ မဲဆန္ဒရှင်တွေက နိုင်ငံရေး အသိပညာအားနည်းတဲ့အတွက် သူ ပြောတဲ့အတိုင်း ထင်ကောင်းထင်လိမ့်မယ်။ ကျွန်တော်တို့ မဲလက်မှတ်တွေအားလုံး စစ်ခိုင်းထားပြီးပါ ပြီ။ အားလုံး သူ့အမည်ပါတယ်။ အမျိုးသားလွှတ်တော်မှာ သူ့အမည်ပါတယ်” ဟု  တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးအောင်က ပြောကြား သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါက်တာညိုညိုသင်းအနေဖြင့် ရွေးကောက်ပွဲပြီး နောက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက် (သို့မဟုတ်) ၁၀ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်စီစဉ်ထား ကြောင်းသိရသည်။

 

 

 


READ NEXT
Cancel OK