ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှု ပဉ္စမနေ့ဖြစ်သော ယနေ့ (မတ် ၁၆ ရက်) တွင် ကာ/လုံ ထောက်ခံချက်မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည့် ပုဒ်မ ၂၀၄(ခ) ပြင်ဆင်ချက် အပါအဝင် ပုဒ်မ ၁၅ ခုအား မတ် ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ (ခ) နှင့် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁) နှင့်စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၁၅ ခုလုံး ပြင်ဆင်နိုင်ခဲ့ခြင်း မရှိပေ။
မဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မများမှာ NLD ပါတီက တင်သွင်းသည့် ပြင်ဆင်ချက် ပုဒ်မများဖြစ်ပြီး ပုဒ်မ ၁၁၅ (ခ) ၊ပုဒ်မ ၁၂၁ (ဋ)၊ ပုဒ်မ ၁၂၄(က)၊ ပုဒ်မ ၁၂၄ (ခ)၊ ပုဒ်မ ၁၄၇ (ခ)၊ ပုဒ်မ ၁၇၂ (က)၊ ပုဒ်မ ၁၇၂ (ခ)၊ပုဒ်မ ၁၈၈ ၊ ပုဒ်မ ၁၉၆ ၊ပုဒ်မ ၁၉၈(ခ)၊ပုဒ်မ ၂၀၄ (ခ)၊ပုဒ်မ ၂၂၅ ၊ပုဒ်မ ၂၂၆ (က)၊ ပုဒ်မ ၂၂၆ (ခ)တို့ဖြစ်ကာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် မူလအတိုင်းထားရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာခဲ့သည်။
အဆိုပါ ပုဒ်မများ၏ အဓိက အကြောင်းအရာများမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အခန်းကဏ္ဍကို လျှော့ချခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပခြင်း စကားရပ်ကို ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်း၊ ကာ/လုံ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ကို ပြင်ဆင်ခြင်းစသည့် ပုဒ်မများ ဖြစ်သည်။
-
မကွေးတိုင်း မြို့နယ် (၅)ခုတွင် နေအိမ်နှင့် လမ်းများပေါ်သို့ သစ်ပင်လဲကျမှုနှင့် မြေပြိုမှုတို့ ဆက်တိုက်ဖြစ်ပွား
-
ရှမ်း/တောင် ရေဘေးသင့်ပြည်သူများထံသို့ ရှမ်း/မြောက်ဒေသခံပြည်သူများပူးပေါင်း၍ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းမည်
-
မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားပေါ်မှ ယာဉ်မောင်း တစ်ဦး ခုန်ချသေဆုံး
-
နောက်ဆုံးစိစစ်တွေ့ရှိချက်အတိုင်း ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု နှစ်သန်းကျော်အတွက် ကျပ် ၅၆ ဘီလျံကျော် ထောက်ပံ့မည်
-
တရုတ်နိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ကုန်းလမ်းမှတစ်ဆင့် ပြန်လာသူအားလုံးကို သက်ဆိုင်ရာ နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် Quarantine ထားရှိပြီး စောင့်ကြပ်ကြည့်ရှုနေ