Top News

PR စနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း UEC ဥက္ကဋ္ဌ ပြောကြား
24htopnews | August 26, 2024 6:12 PM CST

အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် လိုက်လျောညီထွေဖြစ်စေရန် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခဲ့ပြီး ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

စက်တင်ဘာ ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း (ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲတွင် ဦးသိန်းစိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ဦးသိန်းစိုးက အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System-PRs) ကို ပြောင်းလဲကျင့်သုံးနိုင်ရေး လက်ရှိတည်ဆဲနိုင်ငံရေးပါတီများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် နိုင်ငံရေးပါတီ ၇၁ ပါတီ တက်ရောက်ခဲ့ပြီး လေးကြိမ်ဆွေးနွေးမှုပြုခဲ့ရာ၌ နောင်ရွေးကောက်ပွဲများ ကျင်းပသည့်အခါ PR စနစ် ပြောင်းလဲကျင့်သုံးရန်နှင့် စတင်ကျင့်သုံးရာတွင် မဲဆန္ဒရှင်ပြည်သူများ ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်မည့် Close List PR စနစ်အား ကျင့်သုံးရန် သဘောတူခဲ့ကြကြောင်း၊ ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို PR စနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် Pilot Project ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီးသည့် မြို့နယ်များ၏ စာရင်းများကို ကနဦး မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းစနစ် (IVLS Software)နှင့် ပြန်လည်စိစစ်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့နှင့် ထပ်မံညှိနှိုင်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများကို လစဉ် Update ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

 


READ NEXT
Cancel OK