Top News

ပြည်သူများ၏ဘဝကို လက်တွေ့ကျကျ မမြှင့်တင်နိုင်ပါက နိုင်ငံရေးသမိုင်းသည် ကောင်းမည်မဟုတ်ကြောင်းနှင့် သမိုင်းဆိုသည်မှာ မိတ်ကပ်လိမ်း၍မရကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
24htopnews | August 12, 2024 3:12 PM CST

ပြည်သူများ၏ဘဝကို လက်တွေ့ကျကျ မမြှင့်တင်နိုင်ပါက နိုင်ငံရေးသမိုင်းသည် ကောင်းမည်မဟုတ်ကြောင်းနှင့် သမိုင်းဆိုသည်မှာ မိတ်ကပ်လိမ်း၍မရကြောင်း စစ် ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၅) မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ခုနှစ်၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများနှင့် စပ်လျဉ်း၍ နေပြည်တော်၌ သြဂုတ် ၂၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံသမိုင်းမကောင်းရင် ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့သမိုင်းမှ ကောင်းမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေရဲ့ သမိုင်းလည်းကောင်းမှာ မဟုတ်ပါဘူး။ သမို်င်းဆိုတာ ကျွန်တော်တို့ မိတ်ကပ်လိမ်းလို့မရပါဘူး။ ပြည်သူတွေရဲ့ဘဝကို လက်တွေ့ကျကျ မပြုပြင် မမြှင့်တင်နိုင်ဘဲနဲ့ နိုင်ငံရဲ့သမိုင်းဟာလည်း ကောင်းမှာမဟုတ်ဘူးဆိုတာကို ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟု ဦးရဲထွဋ်က ဆွေးနွေးရာတွင် ပြောကြားသည်။

ဆက်လက်၍ ၎င်းင်းက ဆွေးနွေးရာတွင် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်လိုငွေသည် လွန်ခဲ့ သည့်နှစ်ပေါင်း ကိုးနှစ်အတွင်း အများဆုံး စံချိန်တင်သည့် လိုငွေဖြစ်ကြောင်း၊ ပြည်ပ ချေးငွေများသည် ၂၀၁၉-၂၀၂၀ တွင် ကျပ် ဘီလျံ ၂၆၂၄ ဒသမ ၈၃၃ ဖြစ်ကြောင်းနှင့် ပြည်တွင်းပြည်ပချေးငွေများ များလာသည် နှင့်အမျှ အတိုးစရိတ်များလည်း မြင့်တက်လာ ကြောင်း ဆိုသည်။

ထို့ပြင် နိုင်ငံ၏ ဘတ်ဂျက်လိုငွေများ ဆက်တိုက်ပေါ်ပေါက်နေသည့် အကြောင်း ရင်းများသည် ချေးငွေများ တစ်နှစ်ထက်တစ် နှစ် မြင့်တက်နေခြင်း၊ အတိုးစရိတ်များမြင့် တက်နေခြင်းနှင့် စက်မှုလုပ်ငန်းများ အရှုံး ပေါ်နေခြင်းနှင့် စက်မှုကဏ္ဍကြီးတစ်ခုလုံး ပြိုလဲနေခြင်းတို့ကြောင့်ဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်က ထောက်ပြပြော ကြားသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေတွေ ဆက်တိုက်ပေါ်ပေါက်နေတဲ့အကြောင်း ရင်းတွေကတော့ ချေးငွေတွေ တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေခြင်း၊ အတိုးစရိတ်များ မြင့်တက်နေခြင်းနဲ့ စက်မှုလုပ်ငန်းများ အရှုံး ပေါ်နေခြင်း၊ စက်မှုကဏ္ဍကြီးတစ်ခုလုံး ပြိုလဲနေခြင်းတို့ကြောင့်ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ လယ်ယာစိုက်ပျိုးရေး အစဉ်အဆက်က အားကိုးမှီခိုခဲ့ရတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကြီးကလည်း ချည့်နဲ့နေပါတယ်။ ယိုင်နဲ့နေပါတယ်။ စိုက်ပျိုးရေးအလုပ်သမားတွေ လယ်သမားတွေ မရှိတော့ပါဘူး။ နိုင်ငံခြားကို ထွက်နေကြပါပြီ။ နောက်ပြီးတော့ စိုက်ပျိုးမြေတွေ၊ လယ်ယာမြေတွေဟာ အကုန်လုံး ဓာတ်ဆီဆိုင်နဲ့ ကုမ္ပဏီပိုင် မြေတွေကြီးပဲ ဖြစ်နေပါပြီ။ အဲဒီတော့ ဒီအ ဖြစ်အပျက်တွေရဲ့ ဆိုးကျိုးတွေကို ခံစားနေ ရတာတော့ နိုင်ငံရဲ့အခြေခံပြည်သူတွေပဲ ဖြစ်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားသည်။

 

 


READ NEXT
Cancel OK