ရုရှားနှင့် မြန်မာနိုင်ငံတို့သည် တိုက်ရိုက်လေကြောင်းပျံသန်းမှုများ စတင်ရန် ညှိနှိုင်းနေကြောင်း ရုရှားသမ္မတရုံး၏ လက်ထောက်ယူရီယူရှာကော့ဗ်က စက်တင်ဘာ ၅ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
“တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ဖွင့်လှစ်ဖို့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် နိုင်ငံတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ရုရှားကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုကို တိုးချဲ့ရန် စိတ်ဝင်စားကြောင်းလည်း သမ္မတ၏ လက်ထောက်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ရုရှားနိုင်ငံက စွမ်းအင်တင်သင်္ဘောတွေပို့ဆောင်ဖြန့်ဝေမှုကို စိတ်ဝင်စားမှု ပြသနေပြီး မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းတွေမှာလည်း ရုရှား ကုမ္ပဏီတွေရဲ့ ပူးပေါင်းပါဝင်မှုကို ချဲ့ထွင်ဖို့ လိုလားနေပါတယ်” ဟု ယူရှာကော့ဗ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လက်ရှိတွင် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၉ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စက်တင်ဘာ ၇ ရက်တွင် တွေ့ဆုံမည်ဟု မျှော်လင့်ရပြီး ခေါင်းဆောင်နှစ်ဦးသည် အရှေ့တိုင်း စီးပွားရေးဖိုရမ်မျက်နှာစုံညီ အစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ နိုင်ငံတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ရုရှားကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုကို တိုးချဲ့ရန်အတွက် ရုရှားကုမ္ပဏီများနှင့် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်ကလည်း အရှေ့တိုင်း စီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေး၏ ဘေးဆွယ်တွေ့ဆုံမှုနှင့်ပတ်သက်၍ TASS သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။
“ကျွန်တော်တို့မှာ ကနဦးဆွေးနွေးမှုတွေ ရှိထားပါတယ်။ စွမ်းအင်ဝန်ကြီးဌာနဟာ ရုရှားနိုင်ငံအပါအဝင် ပူးပေါင်းဆောင်ရွက်မယ့် မိတ်ဖက်တွေကို ရှာဖွေဖို့ ကြိုးစားနေပါတယ်” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။
Roscongress ဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပသည့် သတ္တမအကြိမ်မြောက် အရှေ့တိုင်း စီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးကို ဗလာဒီဗော့စတော့မြို့တွင် စက်တင်ဘာ ၅ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ Ref:TASS
-
ဆန္ဒမပြသည့် ဆရာဝန်များကို အမည်ပျက်စာရင်းသွင်းသူကိုဖမ်းပြီ
-
ရေဘေးအလှူငွေလက်ခံပွဲတွင် ကျပ် ၃၂ ဘီလီယံကျော်ရရှိ
-
ရေဘေးကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအတွက် အစိုးရမှ ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲသွားမည်
-
မြန်မာရေဘေးသင့်ပြည်သူများကို ကူညီရန် OCHA နှင့်အတူ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးတို့ ထပ်တိုးရန်ပုံငွေရရှိရေး အားစိုက်ကြိုးပမ်းနေဟု UNOCHA Myanmar ထုတ်ပြန်
-
မြန်မာပြည် အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု အသိပေးလိုက်သည့် ထွန်းထွန်းမင်း