Top News

တိုင်းရင်းသားလူမျိုးစုများအနေဖြင့် ပြည်ထောင်စုကြီး၏ အနာဂတ်အတွက် အရေးကြီးသော ၂၁ ရာစုပင်လုံ နိုင်ငံရေး စကားဝိုင်းများတွင် သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းတို့ဖြင့် ပူးပေါင်း ပါဝင်ကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
24htopnews | August 8, 2024 8:12 PM CST

တိုင်းရင်းသားလူမျိုးစုများအနေဖြင့် ပြည်ထောင်စုကြီး၏ အနာဂတ်အတွက် အရေးကြီးသော ၂၁ ရာစုပင်လုံနိုင်ငံရေးစကားဝိုင်းများတွင် သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကြရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်တွန်းပြောကြားသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာ ကုန်းသာယာကွင်းတွင် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ကျင်းပသည့် ၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ မိန့်ခွန်း ပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးများအဖြစ် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင်လည်း မိမိတို့၏ ပြည် ထောင်စုဖွားတိုင်းရင်းသားများအားလုံး ကျေ နပ်လက်ခံဂုဏ်ယူနိုင်မည့် ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံအစည်းအဝေးတွင် အခြေခံမူ များချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြား သည်။

ထို့ပြင် ရှေ့ဆက်မည့် ခရီးလမ်းတွင် လည်း အခက်အခဲများ၊ စိန်ခေါ်မှုများ၊  များ စွာရှိနေမည်ဖြစ်ကြောင်း၊ ထိုသို့ရှိနေခြင်းကို လည်း  တိုင်းရင်းသားများအချင်းချင်း အပြန် အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို အခြေခံပြီး ဘုံ သဘောတူညီချက်ရရှိအောင် ညှိနှိုင်းစေ့စပ် ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ အစိုးရအနေ ဖြင့် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြ သည့် တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မ ပျက် စုစည်းနေထိုင်ကြရန် ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် ယခင်ကတည်းက ခံယူချက်ထားရှိပြီးဖြစ် ကြောင်း၊ အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒ ရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ခိုင်မာသည့် သံန္နိဋ္ဌာန်နှင့် ရှေ့ကိုဆက်လက် လျှောက်လှမ်းမည်ဖြစ်ကြောင်း၊  နိုင်ငံတော် သမ္မတက ပြောကြားသည်။ 

“ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှစ်မတွေ အားလုံး နှစ်ပေါင်းများစွာ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီအခွင့်အ ရေး အခြေခံလူ့အခွင့်အရေး တန်းတူညီမျှရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် အားလုံး သဘောတူလက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက် လာဖို့အတွက် နိုင်ငံတစ်ဝန်းလုံးက တိုင်းရင်း သားများ ပူးပေါင်းပါဝင်ကြရန် အထူးလိုအပ် လှပါတယ်။ ကျွန်တော်တို့အားလုံးဟာ ပြည် ထောင်စုသားတွေဖြစ်ကြတဲ့အတွက် တစ်ဦး နှင့် တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှု တွေ တိုးမြှင့်တည်ဆောက်ရေး နိုင်ငံရေးတွေ့ ဆုံညှိနှိုင်းမှုတွေကတစ်ဆင့် ကြိုးပမ်းကြရန် အထူးအရေးကြီးလှပါတယ်။ တိုင်းရင်းသား လူမျိုးစုများ အားလုံးအနေနဲ့လည်း ပြည် ထောင်စုကြီးရဲ့အနာဂတ်အတွက် အရေးကြီး လှတဲ့ ၂၁ ရာစု ပင်လုံနိုင်ငံရေးစကားဝိုင်း တွေမှာ သဘောထားကြီးခြင်း၊ သည်းခံခြင်း စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းတို့ဖြင့် ပူးပေါင်း ပါဝင်ကြဖို့ အလေးအနက်တိုက်တွန်းပြော ကြားလိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် မည်သို့အခက်အခဲများ ကြုံကြုံ၊ မည် သို့အကျပ်အတည်းများတွေ့တွေ့၊ မိမိတို့အား လုံးပြင်းထန်သော ဆန္ဒ၊ မလျှော့သောဝီရိယ၊ ခိုင်မာသော စိတ်ဓာတ်နှင့် အမှားအမှန် ခွဲခြား သိမြင်သော ဉာဏ်ပညာအမြော်အမြင်တို့ ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ ကျော်လွှားဖြတ်သန်းကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ အိပ်မက်ဖြစ်တဲ့ စည်းလုံးညီညွတ်မှု တန်း တူညီမျှမှု ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံတဲ့ ပြည်ထောင် စုကြီးကို ဒီနေ့ ဒီအချိန်ထိ တည်ဆောက်နိုင် ခြင်း မရှိသေးပါဘူး။ လွတ်လပ်ရေး ရပြီးက တည်းက တိုင်းရင်းသားအချင်းချင်း သံသယ တွေ မယုံကြည်မှုတွေနဲ့ စိတ်ဝမ်းကွဲပြားခဲ့ရာ မှ လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းခဲ့ကြတဲ့ အတွက် တစ်နိုင်ငံလုံး ဒုက္ခဆင်းရဲဝေခဲ့ရပါ တယ်။ အစိုးရအဆက်ဆက်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြပေမဲ့ အောင်မြင်မှုမရှိခဲ့ကြပါဘူး။ ဒီနေ့ ဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်မှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနေပြီဖြစ်ပါ တယ်။ ဒါပေမဲ့ ထွန်းသစ်စဒီမိုကရေစီဟာ ရင့်ကျက်ခိုင်မာပြီး ရေရှည်တည်တံ့ဖို့ဆိုရင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဒွန်တွဲ ပြီး အလွန်အရေးကြီးတယ်ဆိုတာ အားလုံး က လက်ခံနားလည်ထားကြပြီးဖြစ်ပါတယ်”  ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များသည် အခြားသော တောင်တန်းဒေသ ချင်း၊ ကချင် တိုင်းရင်းသားခေါင်းဆောင်များနှင့်ညှိနှိုင်း ၍ ပြည်မနှင့်အတူတကွ လွတ်လပ်ရေးရယူ ကြမည်ဆိုသည့် ပြည်ထောင်စုထူထောင်ရေး အရေးကြီးသည့် သမိုင်းဝင်ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ရက်ကို ဂုဏ်ပြု သောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ် မှတ်ကာ အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်လာခဲ့သည်မှာ ၇၃ နှစ် ပြည့်မြောက် ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြော ကြားသည်။

ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းများ လည်း ပါဝင်ပြသထားပြီး တိုင်းရင်းသားအက အဖွဲ့များအဖြစ် “၀”၊ အဲန်၊ ထနော့၊ ယင်းနက်၊ ယင်းကြား၊ ရှမ်းကြီး၊ ပအိုဝ်း၊ အာခါ၊ လားဟူ၊ လီဆူ၊ တောင်ရိုး၊ အင်းသား၊ ဓနု၊ ကချင်၊ ဂုံရှမ်း၊ ကိုးကန့်၊ ကယန်း၊ ပလောင်၊ ဗမာ စသည့် တိုင်းရင်းသားတို့၏ အကအလှ များဖြင့် ပါဝင်ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။                  

 

 

 


READ NEXT
Cancel OK