အာဆီယံအနေဖြင့် မူလချမှတ်ထားသည့် ပဋိညာဉ်နှင့် မူဘောင်များကို တိကျစွာ လိုက်နာထိန်းသိမ်းခြင်းဖြင့် အဖွဲ့ကြီး၏ အမှီခိုကင်းမှု၊ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာများကို ထူထောင်ရန် တိုက်တွန်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၇ ပါတီက အောက်တိုဘာ ၂၈ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ယုံကြည် လေးစား ပူးပေါင်း ဆောင်ရွက်မှုဖြင့် အာဆီယံ အသိုက်အဝန်း၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးရန်လည်း အထက်ပါအချက်နှင့်အတူ ထည့်သွင်းဖော်ပြထားသည်။
ကျင်းပဆဲ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဆိုင်ရာ စီမံဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အချက်ခြောက်ချက်ပါ သဘောထားထုတ် ပြန်ချက်တွင် ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေး ပါတီအပါအဝင် ပါတီ ၁၇ ပါတီ၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ လက်မှတ်ရေးထိုးထား သည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် အဆင့်နှိမ့်၍ ဖိတ်ကြားခြင်း၊ မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကန့်သတ် ခြင်းတို့သည် အာဆီယံပဋိညာဉ်စာတမ်းပါ မူ၊ အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲနေကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
အထူးသဖြင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၂) ပါ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင် မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲ မှုနှင့် အမျိုးသားရေးလက္ခဏာများကို လေး စားလိုက်နာရန်၊ အပိုဒ် (၅) ပါ အဖွဲ့ဝင်နိုင်ငံ များသည် တူညီသည့် အခွင့်အရေးနှင့် တာ ဝန်များရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ပါတီ ၁၇ ပါတီ၏ ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်က စတင်ဖြစ်ပေါ်သည့် နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်သည် နိုင်ငံရေးပါတီများ လိုက်နာကျင့် သုံးရန် ကတိပြုထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီဖြစ်ပေါ်သည့် အပြောင်းအ လဲတစ်ရပ်သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စဖြစ်၍ အာဆီယံအစည်း အဝေးဖိတ်ကြားမှုနှင့် ယှဉ်တွဲစဉ်းစားရန် ကျိုး ကြောင်းဆက်စပ်မှုမရှိကြောင်းလည်း ဖော်ပြ ထားသည်။
ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၁၇ ပါတီ က ၎င်းင်းတို့အနေဖြင့် ပြည်တွင်းရေးရာကိစ္စများ တွင် အိမ်စောင့်အစိုးရ၏ အခြေခံဥပဒေနှင့် အညီဆောင်ရွက်မှုများ၊ နိုင်ငံတကာကိစ္စရပ် များတွင် ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ပဋိညာဉ်တို့နှင့်အညီ ဆောင်ရွက်မှုများကို အခိုင်အမာထောက်ခံသည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အ ထိကျင်းပသော အာဆီယံထိပ်သီးအစည်း အဝေးသို့ လက်ရှိအာဆီယံဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံက မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ် စားမပြုသော ကိုယ်စားလှယ် (နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်) ကိုသာ ဖိတ်ကြားခဲ့ သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံ ၏ ထိပ်သီးအစည်းအဝေးသို့ အစိုးရအကြီး အကဲ သို့မဟုတ် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် တက်ရောက်ခွင့်ရှိမှ လက်ခံမည်ဟု မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ကာ အ စည်းအဝေးမတက်ရောက်ခဲ့သော်လည်း ယင်း သို့မတက်ရောက်ခြင်းမှာ အာဆီယံကို သပိတ် မှောက်ခြင်းမဟုတ်သလို အာဆီယံကို မကျေ နပ်ကြောင်း သဘောဆန္ဒဖြင့် ပြုလုပ်ခြင်းလည်း မဟုတ်ဟု အောက်တိုဘာ ၂၆ ရက်တွင် ပြန် လည်ထုတ်ပြန်ခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား