အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ရေးကိစ္စတွင် အဆိုပြုတောင်းဆိုချက် အမျိုးမျိုးဖြစ်ပေါ်လာသည့်အတွက် ညှိနှိုင်းနေရဆဲဖြစ်ပြီး တောင်းဆိုမှုများတွင် ညှိနှိုင်း၍မရနိုင်ခြင်းများရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အောက်တိုဘာ ၁၈ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် မြန်မာနိုင်ငံနှင့် အာဆီယံ၏ ဆက်ဆံရေးအခြေအနေများ ဖြစ်ပေါ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံလာရောက်ရေးကိစ္စမှာလည်း အဆိုပြုတောင်းဆိုချက်များ အမျိုးမျိုးဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေရဆဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့ အမိန့်နဲ့ ဥပဒေများကအပ ပိုင်းခြားဆောင်ရွက်မှုတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နေတယ်ဆိုတာ ကြေညာထားပြီး ဖြစ်ပါတယ်။ အာဆီယံ ကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းပြီးတော့ မရနိုင်တာတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်စေ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်း အစည်းအဝေးများကိုလည်း အာဆီယံ၏ အခြေခံမူများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မူအားဖြင့် ဘုံသဘောတူညီချက်(၅)ချက် ရရှိခဲ့ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် တာဝန်ပေးနိုင်ဖိုကအတွက်လည်း အခက်အခဲအမျိုးမျိုးနှင့် ဆွေးနွေးပြီးနောက်ပိုင်းတွင် ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂)အား ခန့်အပ်ရန်အတွက် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အဖြေင့် သဘောတူညီချက်ကို မြန်မာနိုင်ငံ၏နိုင်ငံရေးတည်ငြိမ်မှုနှင့် အာဆီယံချာတာများနှင့်အညီ ဆောင်ရွက်မည်ဟု ဖော်ပြခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားသည်။
'' ဒီငါးချက်ထဲက ပထမအချက်ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန်နဲ့ အားလုံးက ထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံးဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့်လည်း ဒီကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့လို့ ထုတ်ပြန်ကြေညာထားတဲ့ CRPH နဲ့ NUG တို့ရဲ့ လှုံ့ဆော်မှု၊ EAO အချို့ရဲ့ ပါဝင်ပတ်သက်မှု၊ အားပေးမှုများနဲ့ အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်။ ဒါကို ကျွန်တော်တို့ ယနေ့ထက်တိုင် ရှင်းလင်းနေရဆဲ ဖြစ်ပါတယ်။ သူတို့ အကြမ်းဖက် လုယက်၊ သတ်ဖြတ်၊ ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တား ထိန်းသိမ်းမှုတွေ ပြုလုပ်တာ မတွေ့ရပါဘူး။ ကျွန်တော်တို့ကိုပဲ တောင်းဆိုမှုပြုလုပ်ပြီးတော့မှ ကျွန်တော်တို့ပဲ ဒီပြဿနာကို ရှင်းလင်းနေရတာဖြစ်ပါတယ်။ ဒါကို အာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုမယ်လို့ ကျွန်တော် ပြောလိုပါတယ်'' ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့အတူ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲမသမာမှု များ ကြီးမားစွာဖြစ်ပွားခဲ့ခြင်းကို မိဘပြည်သူ များ သိရှိပြီးဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အပေါ် သင်ခန်းစာယူ ၍ နောင်တွင်ထိုသို့မဖြစ်ပေါ် အောင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ မဲမသမာမှုနှင့်ပတ်သက်ပြီး ဖြစ် ပေါ်လာသည့် ဖြစ်ရပ်များကို စိစစ်သည့် အခါ တွင် ပြည်သူပြည်သားအားလုံး ထိခိုက်ခြင်း များအပြင် နိုင်ငံအ ပေါ်တွင် ထိခိုက်ခြင်းများ ကိုလည်း ဖော်ထုတ်တွေ့ရှိရကြောင်း၊ ထို့ ကြောင့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့် အညီ ဆက်လက်အရေးယူဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားသည်။
ဒီမိုကရေစီနိုင်ငံတစ်ခုတွင် သဘော ထားကွဲလွဲမှုရှိမည်ဆိုသည်ကို နားလည် ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲအရဖြစ် ပေါ်လာသည့် နိုင်ငံရေးအရ အရေးပေါ်အ ခြေအနေကြေညာမှုပေါ်တွင်သဘောထားကွဲ လွဲပြီး ယင်းအပေါ်၌အခြေခံသည့်ဆူပူဆန္ဒ ပြမှုများဖြစ်ပေါ်ခဲ့ခြင်းကို တွေ့ရကြောင်း၊ တစ်ပါးသူများ၏ သွေးထိုးလှုံ့ဆော်မှုများ ကြောင့်ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများအပြင် အကြမ်းဖက်လုပ်ရပ်သတ်ဖြတ်ဖျက်စီးခဲ့ သည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း၊ အချို့ မှာ ပြဿနာများကို ကိုယ်တိုင်ကိုယ်ကျပါဝင် ၍ လှုံ့ဆောင်ခြင်းများရှိကြောင်း၊ ယင်းထက် လွန်ကဲ၍ အကြမ်းဖက်လုပ်ယက်သတ်ဖြတ် မှုများလည်း ကျူးလွန်ခဲ့ခြင်းများရှိသဖြင့် မိမိတို့အနေဖြင့် အဆိုပါကိစ္စရပ်များကို ဖော် ထုတ်အရေးယူထားခြင်းများရှိကြောင်း၊ တိုင်း ပြည်တစ်ခုသည် နိုင်ငံရေး သဘောထား မတူ ညီမှုမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် ယခုအခြေအနေမျိုးဖြစ်ပွားခဲ့ရာတွင် မိမိ တို့ အနေဖြင့် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရည်မှန်းဆောင် ရွက်ရာတွင်လည်း ပြည်ထောင်စုစစ်စစ် ဖြစ် လာရေးတို့အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် အေးအေးချမ်းချမ်းနှင့် တိုင်းပြည်တစ်ခု ပြောင်းလဲစေချင်သည့် ဆန္ဒရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား