Top News

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေးအတွက် ဗြိတိန်နိုင်ငံက ဆက်လက်ထောက်ခံ အားပေးမည်ဟု ဗြိတိန်သံရုံး ယာယီတာဝန်ခံ ပြောကြား
24htopnews | July 27, 2024 10:12 PM CST

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည် အသက်ဝင်ရေးအတွက် ဗြိတိန်နိုင်ငံက ဆက် လက်ထောက်ခံအားပေးမည်ဟု ဗြိတိန်သံရုံး ယာယီတာဝန်ခံ ရူရစ်ခ်မာစ်ဒန်က ပြောကြား သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်သည့် ဗြိတိန်သံရုံး ယာယီတာဝန်ခံ၏ သီတင်းကျွတ် ဆုတောင်းစကားတွင် ၎င်းင်းက အထက်ပါအ တိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည် အသက်ဝင်ရေးအတွက် ကျွန်တော်တို့ ယူကေ အစိုးရက ဆက်လက်ထောက်ခံအားပေးသွား မှာ ဖြစ်ပါတယ်” ဟု ဗြိတိန်သံရုံး ယာယီတာဝန် ခံ ရူရစ်ခ်မာစ်ဒန်က ပြောကြားသည်။

ထို့ပြင် မြန်မာပြည်သူများအနေဖြင့် သီ တင်းကျွတ်အခါသမယတွင် ဘေးကင်းလုံခြုံ ၍ ကျန်းမာပြီး ဒီမိုကရေစီဆန္ဒများ အမြန်ဆုံး ပြည့်ဝကြပါစေကြောင်းကိုလည်း ၎င်းင်းက ဆက်လက်ဆုတောင်းပြောကြားသည်။

“သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူတွေ အားလုံး ဘေးကင်းလုံခြုံ၊ ကျန်း မာပြီး ဒီမိုကရေစီဆန္ဒတွေ အမြန်ဆုံးပြည့်ဝ ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟု  ဗြိတိန်သံရုံး ယာယီတာဝန်ခံ ရူရစ်ခ်မာစ် ဒန်က ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြန် မာနိုင်ငံဆိုင်ရာ အာဆီအထူးသံတမန်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပံ့ပိုးကူညီ ရေးနှင့်စပ်လျဉ်း၍ ဗြိတိန်အစိုးရအနေဖြင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးတွဲကြေ ညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ သည်။

အဆိုပါကြေညာချက်တွင် အာဆီယံသ ဘောတူညီချက် ငါးရပ်နှင့်အညီ အထူးသံ တမန်က မြန်မာနိုင်ငံသို့ ပုံမှန်လာရောက် ကြည့်ရှုရာ၌ အဆင်ပြေစေရန် တပ်မတော်အ နေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ၎င်းင်းတွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့် လွတ်လပ်စွာတွေ့ဆုံနိုင်စေရန် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် မတရား ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေး အ ပါအဝင် လူ့အခွင့်အရေးကို အပြည့်အဝ လေး စားရမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့အတူ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ ဘေးကင်းလုံခြုံပြီး အဆီးအတားမရှိ လက်လှမ်းမီရောက်ရှိစေရန် ခွင့်ပြုပေးရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။


READ NEXT
Cancel OK