Top News

G-7 ASEAN  ဝန်ကြီးများအဆင့် အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံကို ဖိတ်ကြားမည် မဟုတ်ဟုဆို
24htopnews | July 27, 2024 10:12 PM CST

ဗြိတိန်နိုင်ငံတွင် လာမည့် ဒီဇင်ဘာလ အတွင်း လူကိုယ်တိုင်တွေ့ဆုံမည့် G-7 ASEAN  နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံကို ဖိတ်ကြားသွားမည်မဟုတ်ကြောင်း ဗြိတိန်အစိုးရက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားသည်။

အောက်တိုဘာ ၁၉ ရက်တွင် ဗြိတိန်လွှတ်တော်၌ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ လင်းန်ဘရောင်း၏ မေးမြန်းမှုကို အာရှရေးရာ နိုင်ငံခြားရေးဝန်ကြီးရုံးမှ တာဝန်ရှိသူ အာမန်ဒါမီလင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဆီယံနဲ့ အင်ဒို-ပစိဖိတ်ဒေသနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေကို လက်တွေ့ပြ သတဲ့အနေနဲ့ ဒီဇင်ဘာလအတွင်း လီဗာပူးမြို့ မှာ ကျင်းပမယ့် ွရ နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဗြိ တိန်အစိုးရက ဖိတ်ကြားခဲ့ပါတယ်။ ဒါပေ မဲ့လည်း အဲဒီအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်ဖို့ မြန်မာ့တပ်မတော်ကို ဖိတ် ကြားမှာ မဟုတ်ကြောင်း ဗြိတိန်နိုင်ငံက ရှင်း ရှင်းလင်းလင်း ပြောကြားလိုပါတယ်။ လာမယ့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်း အဝေးတက်ရောက်ဖို့ မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို မဖိတ်ကြားဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ် ခဲ့တာကိုလည်း မှတ်သားထားပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်စဉ်နှင့် မြန်မာပြည်သူများအပေါ် အကြမ်း ဖက်မှု၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရ တာဝန်ရှိသူများနှင့် အရပ်ဘက်လူမှုအ ဖွဲ့အစည်းမှပုဂ္ဂိုလ်များကို ဖမ်းဆီးထိန်းသိမ်း ထားမှုအပေါ် ဗြိတိန်အစိုးရက ရှုတ်ချကြောင်း လည်း ၎င်းက ပြောကြားသည်။

ထို့ပြင် ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အဆုံးသတ်နိုင်ရေး တူညီရည်ရွယ်ချက်ကို ဖော်ဆောင်ရန် အာဆီယံနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းင်းက ပြောကြားသည်။ သို့ရာတွင် တပ်မတော်အနေဖြင့် ဗီဒီယိုကောလ်မှတစ်ဆင့် အစည်းအ ဝေးတက်ရောက်နိုင်သည့် အလားအလာရှိနေ ဆဲဖြစ်သည်ဟု သိရသည်။

မကြုံစဖူးလုပ်ဆောင်ချက်အဖြစ် အာ ဆီယံအဖွဲ့ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက် ရန် ဖိတ်ကြားမည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး ရက်ပိုင်းအကြာတွင် ဗြိတိန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အစိုးရသည် မြန်မာ့တပ်မတော်၏ ဘဏ္ဍာငွေရရှိနိုင်သည့် အရင်းအမြစ်များ ကိုဖော်ထုတ်ကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချ မှတ်ခဲ့ပြီး စစ်လက်နက်ရောင်းချမှု ပိတ်ပင် ခြင်းများ ချမှတ်သွားရန် အခြားနိုင်ငံများကို လည်း တိုက်တွန်းခဲ့သည်။

ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံအပေါ် တွင် အခြားနိုင်ငံများထက် ပစ်မှတ်ထား ဒဏ် ခတ်အရေးယူမှုများ ပိုမိုလုပ်ဆောင်ထားသည့် နိုင်ငံဖြစ်သည်ဟုလည်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီအထူးသံတမန်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပံ့ပိုးကူညီ ရေးနှင့်စပ်လျဉ်း၍ ဗြိတိန်အစိုးရအနေဖြင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးတွဲကြေ ညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ သည်။ အဆိုပါကြေညာချက်တွင် အာဆီယံ သဘောတူညီချက် ငါးရပ်နှင့်အညီ အထူးသံ တမန်က မြန်မာနိုင်ငံသို့ ပုံမှန်လာရောက် ကြည့်ရှုရာ$ အဆင်ပြေစေရန် တပ်မတော်အ နေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ၎င်းင်းတွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့် လွတ်လပ်စွာတွေ့ဆုံနိုင်စေရန် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် မတရား ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေး အ ပါအဝင် လူ့အခွင့်အရေးကို အပြည့်အဝ လေး စားရမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထို့အတူ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ ဘေးကင်းလုံခြုံပြီး အဆီးအတားမရှိ လက်လှမ်းမီရောက်ရှိစေရန် ခွင့်ပြုပေးရမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 


READ NEXT
Cancel OK