ပြည်ထောင်စုလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မေ ၁၈ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ဧပြီ ၂၆ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ လွှတ်တော်အစည်းအဝေးတွင် ဖြည့်စွတ်ဘတ်ဂျက်ကိစ္စနှင့် COVID-19 ရောဂါအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေရယူမည့်ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။
“ အဓိက ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ရမယ့်ကိစ္စလေးတွေ ရှိပါတယ်။ အဲဒါတွေကတော့ ဖြည့်စွတ်ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ရမှာလေးတွေရှိတယ်။ ချေးငွေ အတည်ပြုပေးရမှာရှိတယ်။ ကမ္ဘာ့ဘဏ်က ချေးမယ့် COVID-19 အတွက် ချေးငွေတွေပါ” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဧပြီ ၂ရရက်တွင် ကျင်းပရန် လျာထားခဲ့သော်လည်း COVID-19 ရောဂါကြောင့် မူလသတ်မှတ်ရက်တွင် မကျင်းပနိုင်ခဲ့ဘဲ မေ ၁၈ ရက်တွင် ပြန်လည်ကျင်းပဖြစ်ရန် ပြည်ထောင်စုလွှတ်တော်ရုံးက ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့သို့ ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးကာလတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာလှမိုးက ပြောကြားသည်။
ပြီးခဲ့သည့် ၁၅ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများသည် မတ် ၂၆ ရက်က ကျင်းပပြီးစီးခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း ဆွေးနွေးမှုများ၊ မဲခွဲဆုံးဖြတ်မှုများကို ပြုလုပ်ခဲ့သလို ချေးငွေရယူရေး ကိစ္စရပ်များကို အတည်ပြုခြင်း၊ ဥပဒေကြမ်းများ အတည်ပြုခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား