ဇူလိုင် ၅ ရက်က တအာင်းအဖွဲ့ (TNLA) နှင့် ရှမ်းအဖွဲ့ (SSPP) အကြား တိုက်ပွဲလေးကြိမ် ဖြစ်ပွားရာတွင် TNLA ဘက်မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPP ဘက်က ပြန်လည်ခုခံရခြင်းဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။
SSPP ဗဟိုခေါင်းဆောင်အချို့၏ ရည်ရွယ်ချက်ရှိရှိပေးသည့် အမိန့်အတိုင်း အောက်ခြေတပ်ဖွဲ့ဝင်များက နှောင့်ယှက်မှုအမျိုးမျိုး ဆက်တိုက်ကျူးလွန်နေသည်ဟု ဇူလိုင် ၈ ရက်က TNLA ၏ ထုတ်ပြန်ချက်အပေါ် SSPP ဘက်က ပြန်လည်တုံ့ပြန်ရှင်းလင်းခဲ့ ခြင်းဖြစ်သည်။
TNLA နှင့် SSPP တို့သည် ဇူလိုင် ၅ ရက်က ကျောက်မဲမြို့နယ် နောက်ပိန်နှင့် သီ ပေါမြို့နယ်တို့တွင် တိုက်ပွဲ လေးကြိမ်ဖြစ်ပွား ခဲ့ပြီး TNLA ဘက်မှ ပထမတန်းစစ်ဦးစီးအ ရာရှိတစ်ဦး၊ တပ်ရင်း (၄၃၄) နှင့် တပ်ရင်း (၅၇၇) တို့မှ တပ်ရင်းမှူးနှစ်ဦး၊ တပ်ဖွဲ့ဝင်သုံး ဦးနှင့် သီပေါမြို့နယ်မှူးတို့ သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
TNLA က ကျောက်မဲမြို့၊ နောင်ပိန်အ နီး တောင်ခြေစခန်းကို လှည့်လည်ကြီးကြပ် ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ထင်မှတ်မထားဘဲ ရက်ရက်စက်စက် ပစ်သတ် ခြင်းခံခဲ့ရကြောင်း၊ ထိုဖြစ်စဉ်တွင် တအာင်း တပ်မတော်၏ စစ်ဦးစီးမှူး၏နာမည် ပြောဆိုသံ ကြားရပြီး “ ….ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်” ဟူသော စကားပြောစက်မှ အမိန့်ပေးပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း၊ တပ်မတော်စခန်းများမကျရှုံးမီ SSPP တပ်ဖွဲ့များထံ လွှဲပြောင်းပေးခြင်း၊ SSPP တပ်ဖွဲ့များက တပ်မတော်တပ်ဖွဲ့ဝင်များကို သယ်ယူပို့ဆောင်ပေးခြင်း၊ လမ်းကြောင်းထွက် ပေါက်ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း စသည့် TNLA စွပ်စွဲချက်နှင့်ပတ်သက်၍ ကလေးကလားဆန်သော စွပ်စွဲချက်များ ဖြစ် သည်ဟု SSPP က တုံ့ပြန်ခဲ့သည်။
ဇူလိုင် ၅ ရက်က TNLA နှင့် SSPP အ ကြား ကျောက်မဲမြို့နယ် နောင်ပိန်ရွာရှိ SSPP ကင်းစခန်းတွင်လည်းကောင်း၊ လုပ်ပါရွာ လမ်းခွဲရထားသံလမ်းဘေးရှိ ကင်းစခန်းတွင် လည်းကောင်း၊ သီပေါမြို့နယ် ကြံခင်းရွာအ နီးတွင်လည်းကောင်း၊ သီပေါမြို့နယ် နားခဲရွာ လမ်းခွဲတွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွား ခဲ့ပြီး TNLA က ပစ်ခတ်လာ၍ မလွှဲမရှောင် သာ ပြန်လည်ခုခံခဲ့ရသည်ဟု SSPP က ထုတ် ပြန်ခဲ့သည်။
ယခုကဲ့သို့ TNLA နှင့် SSPP အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများကို ပြည်ထောင် စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) မှ သမာသမတ်ရှိရှိ စိစစ်ထိန်းသိမ်း ပေးရန် တင်ပြတောင်းဆိုထားပြီးဖြစ်ကြောင်း ကိုလည်း SSPP က ထုတ်ပြန်ထားသည်။
TNLA နှင့် SSPP တို့သည် FPNCC ၌ အဖွဲ့ဝင်များလည်း ဖြစ်ကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား