Top News

ကော့ကရိတ်မြို့အနီး တပ်မတော်နှင့် KNLA တို့ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိ
24htopnews | June 19, 2024 4:12 PM CST

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် တစ်မိုင်ခန့်အကွာ ကမိုင်ကုန်းရွာအနီးတွင် ဩဂုတ် ၂၄ ရက် မွန်းလွဲပိုင်းက တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိခဲ့ကာ နှစ်ဖက်ထိခိုက်မှုများ ရှိကြောင်းသိရသည်။

ကော့ကရိတ်မြို့တွင်းဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် တစ်မိုင်ကုန်းအနီး ဗုံးပေါက်ကွဲရာ အရပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိ၍ KNU တောနော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၁ နာရီခန့်တွင် အံဖလေးဘက်မှ KNLA ၏ ပစ်ခတ်မှုကြောင့် ကမိုင်ကုန်းဘုန်းကြီးကျောင်းတွင် စခန်းထိုင်နေသော တပ်မတော်ဘက်မှ နှစ်ဦး ထိခိုက်မှုရှိခဲ့ကြောင်း ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောသော်လည်း သီးခြားအတည်ပြုချက် မရသေးပေ။

" KNLA ဘက်က စနိုက်ပါနဲ့ပစ်တာ တပ်မတော်သားနှစ်ယောက် ကျသွားတယ်လို့ ကြားသိရတယ်။ ဒါကြောင့် ရွာဘက်ကို ပစ်နေတာ၊ ကမိညင်ကုန်း အံဖကြီး၊ အံဖလေး၊ ကြောင်လျှာကုန်း ရွာသားတွေလည်း လွတ်ရာကို ရှောင်ပြေးနေကြပြီ ဖြစ်ပါတယ်" ဟု ကော့ကရိတ် ဒေသခံတစ်ဦးက ပြောကြားသည်။

ယခင်ရက်လည်း ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် ကရင်အမျိုးသားအစည်းရုံး (KNU/KNLA) တို့ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။


READ NEXT
Cancel OK