မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများ တင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြုလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်း၌ တရုတ် နိုင်ငံဘက်မှ ကုန်စည်များကို မြန်မာနိုင်ငံ ဘက်သို့ တင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည် ဟု သိရသည်။
“အာလူးနဲ့ စားသောက်ကုန်စုံ အခုတော့ ပေးထွက်နေတယ်။ အခြားပစ္စည်းတွေ ဘယ် နေ့ရမယ်၊ ဘယ်လို အတိအကျ သေချာတော့ မသိရသေးပါဘူး” ဟု မူဆယ်မြို့ရှိ ဒေသခံ တစ်ဦးက ပြောကြားသည်။
လူမှုကွန်ရက်၌ ထွက်ပေါ်လျက်ရှိ သည့် ရုပ်သံများတွင်လည်း တရုတ်နိုင်ငံဘက်မှ မြန် မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းများ တင်ပို့နေ သည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင် ကယ်များကို တရုတ်အာဏာပိုင်များက စစ် ဆေးပြီး ထွက်ခွာခွင့်ပြုနေသည်ကိုလည်း တွေ့ရသည်။
ဆင်ဖြူဂိတ်ကို နိုဝင်ဘာ ၁၁ ရက်မှစ၍ တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ထားခြင်းဖြစ်ပြီး တစ်ပတ်ကျော်အကြာ တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ် သည်။
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် နယ်နိ မိတ်ထိစပ်နေသည့် မြန်မာဘက်အခြမ်းတွင် နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်လျက်ရှိသည့် ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်နှင့် နန်းတော် ဂိတ်ဟုဆိုသည့် ဂိတ်သုံးခုရှိပြီး လက်ရှိတွင် ဆင်ဖြူဂိတ်ကို ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ် သည်။
ယင်းဂိတ်သုံးခုအနက် ဆင်ဖြူဂိတ်မှာ တစ်နိုင်တစ်ပိုင် ကုန်စည်အများစုကို ကူးသန်း ခွင့်ပြုနေခြင်းဖြစ်ပြီး မန့်ဝိန်းဂိတ်မှာ ကုန်ကား ကြီးများဖြင့် တင်ဆောင်ထားသည့် ကုန်စည် များကို ဝင်ထွက်ခွင့်ပြုနေခြင်းဖြစ်ကာ နန်း တော်ဂိတ်သည် လူအဝင်အထွက်ပြုလုပ်နိုင် ကြောင်း သိရသည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား