မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက် ခံစားနေရသည့် ကလေးငယ်များအား ပံ့ပိုးကူ ညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ် နေကြောင်း UNICEF Myanmar က ထုတ် ပြန်သည်။
၂၀၂၄ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံနီးပါးဖြစ်သော လူဦးရေ ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လူပေါင်း ၁ ဒသမ ၇ သန်း အပါအဝင် လူပေါင်း နှစ်သန်း ကျော်သည် အိုးအိမ် စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေရကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိကလေးသူငယ် ခြောက် သန်းသည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေပြီး လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခ၏ အကြီးမားဆုံး သောဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်နေရကြောင်း၊ နေရပ်နှင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုများ မြင့်တက်လာခြင်းနှင့် ဝန်ဆောင်မှုများပြတ် တောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ ကလေး ငယ်များသည် အရေးပါ သော ကာကွယ်ဆေး ထိုးနှံမှုများနှင့် လွဲချော်နေပြီး ကာကွယ်ဆေး ဖြင့် ကာကွယ်နိုင်သောရောဂါများ ဖြစ်ပွားနိုင် ခြေအန္တရာယ်မှာလည်း မြင့်မား နေကြောင်း၊ မြန်မာနိုင်ငံသည် ယခင်ကပင် အရှေ့တောင် အာရှတွင် အသက် ငါးနှစ်အောက် ကလေး သေဆုံးနှုန်း အမြင့်မားဆုံးနှင့် ရင်ဆိုင် နေရ သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် မွေးဖွားချိန်မှစ၍ ကာ ကွယ် ဆေးမထိုးနှံရသေးသော ကလေးဦးရေ အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင် နေကြောင်း UNICEF Myanmar က ဆို သည်။
ကလေးငယ် လေးသန်းကျော်သည် ပညာသင်ကြားခွင့် ပျောက်ဆုံးနေပြီး လက်ရှိ တွင် တိုက်ခိုက်မှုများ၌ ပစ်မှတ်ထားခံရခြင်း၊ တိုက်ခိုက်မှုများအတွင်းသို့ အတင်းအဓမ္မ လူ သစ်စုဆောင်းခံရခြင်း၊ မတရားဖမ်းဆီးထိန်း သိမ်းခံရခြင်းနှင့် အရွယ်မတိုင်မီ လက်ထပ် ထိမ်းမြားစေခြင်းများ စသည့်အန္တရာယ်များကို ရင်ဆိုင်နေရကြောင်း၊ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာ သည့် မတည်ငြိမ်မှုများကြောင့် ကလေးများ၏ ပညာရေးနှင့် အိပ်မက်များကို အဟန့်အတား ဖြစ်စေရုံသာမက နိုင်ငံ၏ အနာဂတ်စီးပွားရေး ထုတ်လုပ်နိုင်စွမ်းကိုလည်း ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေနိုင်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။
ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း နှင့် အိမ်ထောင်စုဝင်ငွေများ ကျဆင်းလာခြင်း ကြောင့် မြန်မာမိသားစုများ အထူးသဖြင့် နေ ရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့် ထိခိုက်လွယ်ဆုံးသူများသည် အစားအစာနှင့် သန့်ရှင်းသောရေ အပါအဝင် ၎င်းတို့၏ အ ခြေခံလို အပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေကြရပြီး ကလေးများ၊ ကိုယ်ဝန် ဆောင်များနှင့် နို့တိုက်မိခင်များမှာ အာဟာရ ချို့တဲ့မှု ပိုမိုဖြစ်ပေါ်ကာ ရေကြောင့်ဖြစ်ပွားသောရောဂါအန္တရာယ်များနှင့်လည်း ရင်ဆိုင် နေရကြောင်း UNICEF Myanmar က ထုတ် ပြန်သည်။
၂၀၂၄ ခုနှစ်တွင် ကလေးသူငယ်များအ တွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလှုပ်ရှားမှု (HAC) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ယူနီဆက်က စတင်ခဲ့ ပြီး မြန်မာနိုင်ငံရှိ ကလေးသူငယ် ၂ ဒသမ ၁ သန်းအပါအဝင် ထိခိုက်လွယ်ဆုံးလူဦးရေ ၃ ဒသမ ၁ သန်းအတွက် အသက်ကယ်ဆယ်ရေး အကူအညီနှင့် အရေးပါသော ဝန်ဆောင်မှု များ ပေးအပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ဒေါ်လာ ၂၀၈ ဒသမ ၃ သန်းလိုအပ်သော ယခုအစီအစဉ်သည် ကလေးသူငယ်ဦးရေ ၈၉၀၀၀၀ ကျော်အတွက် ပညာရေးဝန်ဆောင် မှုများ၊ ကလေးသူငယ်၊ ဆယ်ကျော်သက်နှင့် စောင့်ရှောက်သူ စုစုပေါင်း ၃၉၂၀၀၀ အတွက် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအ ထောက်အပံ့များ၊ လူဦးရေ ၈၅၀၀၀၀ အတွက် အရေးပါသော သန့်ရှင်းသော ရေရရှိရေး၊ တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆိုင်ရာပံ့ပိုးမှုများနှင့် ကလေးများနှင့် အမျိုး သမီးဦးရေ စုစုပေါင်း ၃၅၀၀၀၀ အတွက် အ ခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပေး အပ်နိုင်မည်ဖြစ်ကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် ကုန်ဆုံးရန် နီးကပ် လာချိန်တွင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာ မှုဆိုင်ရာတုံ့ပြန်မှု၏ အရေးပါသောကဏ္ဍများအတွက် ရန်ပုံငွေရရှိမှု အလွန်နည်းပါးနေ ဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က လည်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ၂၀၂၄ လူသားချင်းစာ နာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး လုပ်ငန်းစီမံချက်သည် လိုအပ်သည့်ရန်ပုံငွေ ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရရှိထားပြီး ရန်ပုံငွေများ အရေးပေါ်လိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား