လာမည် ခြောက်လအတွင်း နိုင်ငံတော် ဝင်ငွေအချို့ လျော့နည်းနိုင်သည့်အတွက် ပြည်ထောင်စုဝန်ကြီးများအနေဖြင့် အသုံးစရိတ်များ စိစစ်သုံးစွဲကြရန် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
သြဂုတ် ၂၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၀၀ (ခ) အရ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများသည် နှစ်စဉ်ပုံမှန်မဖြစ်မနေ ပြဋ္ဌာန်းဆောင်ရွက်ရမည့် ဥပဒေကြမ်းများဖြစ်သည့် အားလျော်စွာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဘဏ္ဍာရေးနှစ်ကို ယခင်က နှစ်စဉ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်ခဲ့ သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ ဧပြီ ၁ရက်မှ မတ်၃၁ရက်အထိ ပြန်လည် ပြောင်းလဲ ပြင်ဆင်သတ်မှတ်မည်ဖြစ်သည့်အတွက် ကြားကာလဘတ်ဂျက်အဖြစ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက်လအတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယခုအချိန်သည် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေရပြီး စီးပွားရေးထိခိုက်မှုများ အနည်းနှင့် အများရှိသည့်အပြင် နိုင်ငံတော်၏အခွန် အကောက်ရငွေနှင့် အခြားသာမန်ရငွေများ အပါအဝင် နိုင်ငံတော်ဝင်ငွေအချို့ လျော့နည်းကျဆင်းလျက်ရှိရာ လာမည့် ခြောက်လတွင်လည်း ရငွေများ ဆက်လက်လျော့နည်းနိုင်ကြောင်း၊ သို့ရာတွင် နိုင်ငံတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကို မဖြစ်မနေသုံးစွဲရမည်ဖြစ်သဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ အသုံးစရိတ်များကို အတတ်နိုင်ဆုံး စိစစ်သုံးစွဲသွားကြရန် တိုက်တွန်းလိုကြောင်း၊ ဘတ်ဂျက်ကာလ ခြောက်လသာဖြစ်သည့်အတွက် ရငွေလျာထားချက်များသည် ခြောက်လအတွင်း အမှန်ရရှိနိုင်သော ရငွေများဖြစ်ရန်နှင့် အသုံးစရိတ်လျာထားချက်များသည် ခြောက်လအတွင်း အမှန်သုံးစွဲနိုင်မည့် အသုံးစရိတ်များကိုသာ လျာထားကြရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများက ရေးဆွဲတင်ပြလာသည့် ခြောက်လတာအတွက် အရအသုံးလျာထားချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း နိုင်ငံတော်က ချမှတ်ပေးထားသော မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်တင်ပြလာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုကို တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများ ထပ်မနေရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား