Top News

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာ့တပ်မတော်သို့ COVID-19 ကာကွယ်ဆေး လေးသိန်း ပေးအပ်လှူဒါန်း
24htopnews | June 19, 2024 4:12 PM CST

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာ့တပ်မတော်သို့ ပေးအပ်လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး လေးသိန်းသည် သြဂုတ် ၂၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊  စစ်သံရုံးတို့က လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသည့် Air China လေယာဉ်သည် ပေကျင်းမြို့မှ သြဂုတ်  ၂၂ ရက် ည ၆ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းဆေးနှင့် ဆေးပစ္စည်းများကို ဒဂုံမြို့နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံမှ ဗိုလ်မှူးကြီးဇော်မျိုးဟန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထိုသို့ရောက်ရှိလာသော ဆေးနှင့် ဆေးပစ္စည်းများမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က မြန်မာ့တပ်မတော်သို့ လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ဆေး SARS-CoV-2 Vaccine (Vero Cell) အလုံး ၄၀၀၀၀၀ ၊ ဆေးထိုးအပ် အခု ၄၀၃၂၀၀ ၊ ပေကျင်းမြို့ရှိ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးက ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Oxygen Concentrator ၁၆ လုံး၊ PPE ဝတ်စုံ ၂၄၀ ၊ Mask အခု ၁၀၃၅၀၀ ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးကလှူဒါန်းသည့် Carrimycin ဆေးပြား ၇၂၀၀၀၊ Mask အခု တစ်သိန်းတို့ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် COVID-19 ရောဂါကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒဂုံမြို့နယ်ရှိ ဆေးသိုလှောင်ရေးတပ် နှင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းသို့  ပို့ဆောင်ထားရှိထားကြောင်း သိရသည်။


READ NEXT
Cancel OK