လက်ရှိအစိုးရ လက်ထက်တွင် တိုင်းပြည်ကို တည်ငြိမ်အောင် ဖန်တီးနိုင်ပြီဆိုသည့် အနေအထားမျိုး မရှိသေးခြင်းကြောင့် လွှတ်တော်အတွင်းမှ တပ်မတော်အား လုံးဝဖယ်ရှားရန် မသင့်တော်သေးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုပြောရေး ဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက ပြောကြားသည်။
၎င်းက “လက်ရှိ ရခိုင်ပြည်နယ်နဲ့ အရေးကိုပဲ အနီးစပ်ဆုံး ကျွန်မပြောချင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ပေါင်း မြောက်မြားစွာ ကျွန်မတို့နိုင်ငံမှာ ရှိနေတယ်။ ဒီလို အခြေအနေတွေ ရှိနေသေးသရွေ့ ဒါတိုင်းပြည်ကို တည်ငြိမ်တယ်လို့ ပြောလို့မရဘူး။ ကျွန်မတို့ အရင်အစိုးရ လက်ထက်ပေါ့။ ၂၀၁၀ ကနေ ၂၀၁၅ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်မှာ NCA လက်မှတ် ထိုးခဲ့လိုက်နိုင်တယ်။ တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နဲ့ သဘောတူညီမှုရတယ်။ အဲဒါကိုတောင်မှ အခုထပ်ပြီး တိုးတက်အောင် ဒီအစိုးရ လက်ထက်မှာ ဆက်လက် ဆောင်ရွက်နိုင်ခဲ့ ခြင်း မရှိတာသည် ဒါလက်ရှိ တိုင်းပြည်တည်ငြိမ်အောင် ဖန်တီးနိုင်တယ်ဆိုတဲ့ အနေအထားမျိုး မရှိသေးတဲ့အတွက် တပ်မတော်ကတော့ အထိုက်အလျောက် အချိန်ကာလတစ်ခု အထိတော့ လိုအပ်နေဦးမှာပဲ။ ဒီလိုအခြေအနေမျိုးမှာ ဗြုန်းခနဲ ဒိုင်းခနဲ လွှတ်တော်ထဲမှာ တပ်မတော်လုံးလုံး မရှိဘူး။ ဖယ်ရှားလိုက်မယ်ဆိုတဲ့ အနေအထားမျိုးက မသင့်တော်သေးဘူးလို့တော့ ကျွန်မထင်ပါတယ်” ဟု ပြောကြားသည်။
မတ် ၃၀ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စုနယ်မြေရုံး၌ ပြည်ထောင်စုနယ်မြေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ရပ်တည်ချက်၊ ပြည်ခိုင်ဖြိုးပါတီ မှ ပုဒ်မ ၂၆၁ ပြင်ဆင်ရန် ဆောင်ရွက်ထားရှိမှုနှင့် ရခိုင်အရေး ကိစ္စများနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေ ပါတီပြောရေးဆိုခွင့် ရှိသူများက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ သတင်းထောက်တစ်ဦး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် တစ်ဦးက လွှတ်တော်အတွင်းမှ တပ်မတော် သားကိုယ်စားလှယ် ရာခိုင်နှုန်းအား တစ်ဆင့် ချင်းလျှော့ချရန် ဆွေးနွေးထားခြင်းကြောင့် လက်ရှိအခြေအနေတွင် တပ်မတော်အနေ ဖြင့် လွှတ်တော်အတွင်းမှ ပြန်လည်ဆုတ်ခွာဖို့ အဆင့်သင့်ဖြစ်နေပြီလို့ မြင်ပါသလားဆိုသည့် မေးမြန်းမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
ဒေါ်ယမင်းမြင့်ဆွေက “ကျွန်မတို့က တပ်မတော် လျှော့ချရေးပေါ့။ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ဆိုပြီးတော့ အခု ရခိုင်ပါတီတစ်ခုတင်တယ်။ NLD ပါတီကတော့ ရာခိုင်နှုန်း တစ်ခုအနေ နဲ့လျှော့ချဖို့ပေါ့။ အဲဒီတော့ ကျွန်မတို့ ဒီလွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပေါ့။ ၂၅ ရာခိုင်နှုန်းကို ထည့်သွင်းရတယ် ဆိုတဲ့ကိစ္စက အရင်ခေတ် အရင်ကာလတုန်း က ဒီ ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲစဉ် ကာလတုန်းက ကျွန်မတို့ ဒီအသိပညာရှင် အတတ်ပညာရှင် အလွှာပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီးတော့မှ ပေါ်ပေါက်လာတဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်။ အဲဒီတော့ အဲဒီခေတ် အဲဒီအခါနဲ့ ကိုက်ညီတယ်။ အဲဒီခေတ်တုန်းက လိုအပ်ချက်အရ တပ်မတော်သားတွေ ပါဝင်မှဖြစ်မယ့် အခန်းကဏ္ဍတွေရှိတယ်။ နိုင်ငံတော်ဟာ ကျွန်မတို့ ဒီမိုကရေစီကို ကူးပြောင်းတဲ့အခါမှာ သွေးထွက်သံယို မရှိဘဲနဲ့ ကူးပြောင်းနိုင်တာဆိုလို့ ကျွန်မတို့ မြန်မာနိုင်ငံက မှတ်ကျောက်တင်လို့ရတဲ့ ကိစ္စဖြစ်တယ်။ ဒါကလည်း ဘာကြောင့်လဲဆိုတော့ လွှတ်တော်ထဲမှာ တပ်မတော်သားတွေက နိုင်ငံတော်ရဲ့ မတည်မငြိမ်မှုတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ဖို့၊ အခြေမကျသေးတဲ့ တည်ငြိမ်မှုမရှိသေးတဲ့ အနေအထားမျိုးမှာ တပ်မတော်က ဝင်ပြီးတော့ အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းပေးနိုင်ဖို့ဆိုတဲ့ အဓိက,ကတော့ ကျွန်မတို့က နိုင်ငံတော်ရဲ့ တို့တာဝန် အရေးသုံးပါးကို အခြေခံတဲ့ ကိစ္စတွေပေါ့။ ဒါအမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သူကတပ်မတော်က စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ဒါအခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်တွေမှာလည်း ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ “လက်ရှိအခြေအနေမှာ ကျွန်မတို့နိုင်ငံမှာ လိုအပ်နေသေးတဲ့အတွက် တပ်မတော်ကို အရစ်တစ်ခု အနေနဲ့ ကျွန်မတို့ ထည့်ထားရခြင်းဖြစ်တယ်။ ဒါကိုလည်း ကျွန်မတို့ လက်ခံတယ်။ ဒါပေမဲ့ ကျွန်မတို့ လွှတ်တော်ထဲမှာ တပ်မတော်သားတွေ အမြဲတမ်းနေရာယူ ကြီးစိုးဖို့လားဆို မဟုတ်ပါဘူး။ တပ်မတော်ကလည်း အချိန်တန်ရင်၊ နိုင်ငံမှာ စိတ်ချရတဲ့ အနေအထားတစ်ခု ဖြစ်လာရင် ထွက်သွားဖို့ ဆိုတာကိုလည်း သူတို့မှာ ကတိကဝတ်ရှိတယ်။ ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာ ကျွန်မတို့က ယုံကြည်တယ်” ဟု ပြောကြားသည်။
လက်ရှိအနေအထားသည် တိုင်းပြည်တည်ငြိမ်မှု မရရှိသေးဘူးဟု ပြောရမည်ဖြစ်ပြီး လက်ရှိအစိုးရ အနေဖြင့် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေး ကတိကဝတ်ဖြစ်သည့် အမျိုးသား ရင်ကြားစေ့ရေးကို ရရှိပြီလား၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီလားဟု ဒေါ်ယမင်းမြင့်ဆွေက ပြောကြား သည်။
“ကျွန်မတို့ ပြည်ခိုင်ဖြိုးကလည်း ဒီမိုကရေစီကို ဦးဆောင်လမ်းဖောက်ခဲ့တဲ့ ပါတီတစ်ခု ဖြစ်တဲ့အတွက် ဒီမိုကရေစီကို အရမ်းလိုလားပါတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း ပြည်သူထဲက ပြည်သူပဲဖြစ်တယ်။ ဒီမိုကရေစီကို ရူးရူးသွပ်သွပ် လိုလားတဲ့သူတွေပါ။ အဲဒီတော့ လွှတ်တော်ထဲမှာ ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ဒီမိုကရေစီကို တကယ်ဖော်ဆောင်တဲ့ လွှတ်တော်ကြီးတစ်ရပ်ဖြစ်ဖို့ ကျွန်မတို့ကလည်း လိုလားတယ်။ ဒီအတွက် တပ်မတော်ကို အမြဲရှိနေဖို့ ကျွန်မတို့မှာလည်း ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ အချိန်အတိုင်းအတာ တစ်ခုအထိတော့ တပ်မတော်ရှိနေဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဒေါ်ယမင်းမြင့်ဆွေက ပြောကြားသည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား