Top News

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့၏ ကျိုင်းတုံဆွေးနွေးပွဲ Bilateral ရေးထိုးရန် အတိအကျ အဖြေမရသေးဘဲ အောက်တိုဘာလအတွင်း ပြန်လည်တွေ့ဆုံဆွေးနွေးမည်
24htopnews | June 11, 2024 3:12 PM CST

အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန Bilateral နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့၏ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် Bilateral လက်မှတ်ရေးထိုးရန် အတိအကျအဖြေမရသေးဘဲ လာမည့် အောက်တိုဘာလအတွင်း ပြန်လည်တွေ့ ဆုံဆွေးနွေးမည်ဖြစ်သည်။

ကျိုင်းတုံဆွေးနွေးပွဲသည် အချိန်အား ဖြင့် နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီအချိန် ခန့်အထိ ၇ နာရီခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးပွဲမှ သဘာတူညီချက် ခုနစ်ချက်ရရှိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“အဲဒီတော့ ဒီကနေ့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ သဘောတူညီချက် ခုနစ်ချက်ရပါ တယ်။ အဲဒီ ခုနစ်ချက်ကတော့ အကြမ်းဖျင်းပေါ့နော်။ အသေးစိတ်တော့ ကျွန်တော်တို့ ပြောဖို့မရှိပါဘူး။ အကြမ်းဖျင်းကတော့ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးဖို့ ၊ နောက်တစ်ခုကတော့ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အနေအထားတွေ အဲဒါတွေကို လုံးဝချုပ်ငြိမ်းသွားအောင် ကျွန်တော်တို့ ဘယ်လိုသွားမလဲဆိုတာတွေ ကျွန်တော်တို့ ဆွေးနွေးတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ IDP ပေါ့နော်။နေရပ်စွန့် ခွာသူတွေကိစ္စ၊ အဲဒါတွေကို ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမလဲဆိုတာကို ကျွန် တော်တို့ သဘောတူညီချက်ရတယ်။ နောက်တစ်ခုကတော့ တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်တွေ ၊ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားဖို့ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးမယ်ဆိုတာကို သူတို့ သဘောတူပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

ထို့ပြင် တိုက်ပွဲများ ထပ်မံမဖြစ်ပွား စေရေးအတွက် ထိန်းသိမ်းရန်၊ လိုအပ်သောလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများထားရှိရေး ကိစ္စကို နှစ်ဖက်သဘောတူညီခဲ့သကဲ့သို့ ယုံကြည်မှုတည်ဆောက်ရေးအတွက် နှစ်ဖက်ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် အရေးယူခြင်း ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း နှစ်ဖက် သဘောတူညီမှုရရှိခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“နောက်တစ်ချက်ကတော့ NCA ပေါ့ နော်။ NCA နဲ့ ပတ်သက်ပြီးတော့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ လုပ်ငန်းစဉ်တစ်ရပ် အဲဒါလည်း ကျွန်တော်တို့ သဘောတူညီချက် ရပါတယ်။ အဲဒီတော့ Ceasefire ပေါ့။ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရေးကိစ္စကို စေ့စပ်ညှိနှိုင်းဖြေရှင်းပေးဖို့အတွက် နှစ်ဖက်သဘော တူလက်ခံတဲ့ ပဋိပက္ခဖြေရှင်းရေးစနစ်ကို ကျွန်တော်တို့ ဆက်ပြီးတော့ ဆွေးနွေးသွားဖို့ သဘောတူပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လာမယ့် ၂၀၁၉ ခုနှစ် အောက်တိုဘာလအ တွင်းမှာ နှစ်ဖက်တွေ့ဆုံဖို့လည်း သဘောတူပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ယခု တွေ့ဆုံဆွေးနွေးပွဲရလဒ်သည် သြဂုတ် ၃၁ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ ရလဒ်နှင့် သိပ်မကွာကြောင်း တအာင်းလက် နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

AA လက်နက်ကိုင်အဖွဲ့ ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာ ညိုထွန်းအောင်က “အဓိက ဒီနေ့ကတော့ Bilateral ရေးထိုးဖို့ အစည်းအဝေးရဲ့ အစပိုင်းမှာတော့ သွားနေပေမယ့် အချိန်ကာလရယ်။ ဆွေးနွေးတဲ့ကြားထဲမှာတစ်ဖက်နဲ့တစ်ဖက်အချက်အလက်ပေါ်မှာ နားလည်မှုတွေလွဲနေတဲ့အတွက်ကြောင့် နည်းနည်း ကြန့်ကြာခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့က လက်မှတ်ထိုးတဲ့အနေအထားကို Bilateral ထိုးတာတော့မဟုတ်ဘူး။ ဒီ Bilateral ထဲမှာ ပါလာနိုင်တဲ့ အချက်တွေ ကို ဒီနေ့ ဒီအချိန်မှာ ဒီနေ့ သဘောတူညီခဲ့ကြ တယ်။ နောက်တစ်ခါဆိုရင်တော့ ဒီအချက်တွေကိုဆွေးနွေးမယ်ဆိုတဲ့ ပုံစံမျိုးလောက် ပါပဲ။ ဘယ်အချက်ဆိုတော့ နားလည်မှုလွဲတဲ့ အပိုင်းမှာကတော့ ဥပမာ ကျွန်တော်တို့ လေး ဖွဲ့အနေနဲ့ဆိုရင် ဒီ Bilateral ကို လေးဖွဲ့စလုံး တစ်ပြိုင်နက်တည်း တစ်နေရာထဲမှာ စာရွက် တစ်ရွက်ပေါ်မှာ ထိုးမယ်။ ပြီးရင်အဲဒီနောက်ပိုင်းမှာ ဆွေးနွေးတဲ့အချိန်ကြလို့ရှိရင်လည်း လေးဖွဲ့အနေနဲ့ဆွေးနွေးမယ်။ ဒီမြန်မာ့တပ်မ တော်ဘက်ကကျတော့ သူတို့ရဲ့သဘောထားက တစ်ဖွဲ့ချင်းအနေနဲ့ ဆွေးနွေးမယ်။ ကျွန်တော်တို့ကျတော့ တစ်ဖွဲ့ချင်းဆွေးနွေးတာကျ တော့ တပ်မတော်နဲ့ AA ဆွေးနွေးမယ်။ ကိုးကန့်နဲ့ တပ်မတော်ဆွေးနွေးမယ်။ ပြီးရင်တစ်ခါတစ်ခါ လိုအပ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့လေးဖွဲ့နဲ့ တပ်မတော်နဲ့ဆွေးနွေးမယ်။ NRPC နဲ့ ဆွေးနွေးမယ်။ အဲဒီလိုမျိုး ဆွေးနွေးဖို့ဘက်မှာ ဘယ်သူတွေပါမလဲဆိုတဲ့ဟာမျိုးတွေမှာ နည်းနည်းလေး နားလည်မှုလွဲကြတာပါ”  ဟု ပြောကြားသည်။


READ NEXT
Cancel OK