ဇာတ်လမ်းတွဲရိုက်ကူးမှုများ ငါးနှစ်ကြာ ရပ်နားခဲ့သည့် ကိုရီးယား အမျိုးသမီးသရုပ်ဆောင် ကင်တေဟီးက Hi Bye, Mama! ဇာတ်လမ်းတွဲတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု အတည်ပြုခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သော်လည်း ခင်ပွန်းနှင့် သမီးဖြစ်သူအနားတွင် ၀ိညာဉ် အဖြစ်ကပ်တွယ်နေသည့် Cha Yu Ri အမည်ရအမျိုးသမီးတစ်ဦး အကြောင်းရိုက်ကူးမည့် ယင်းဇာတ် လမ်းတွဲကို ၂၀၂၀ ပြည့်နှစ် အစောပိုင်း တွင် tvN ရုပ်သံ၌ ထုတ်လွှင့်သွားမည်ဖြစ်သည်။ ယင်းဇာတ်လမ်းတွဲ တွင်သရုပ်ဆောင် Lee Gyu Hyung က Cha Yu Ri ၏ ခင်ပွန်းအဖြစ် ပါဝင်မည်ဖြစ်သည်။သဘာဝနယ်လွန် ဇာတ်လမ်းတွဲများဖြင့် အောင်မြင်ခဲ့သည့် ဒါရိုက်တာ Yoo Je-won, က ယင်းဇာတ်လမ်းတွဲကို ရိုက်ကူး မည် ဖြစ်သည်။
Hi Bye, Mama! ဇာတ်လမ်းတွဲသည် ကင်တေဟီးအတွက် ငါးနှစ်အတွင်း ပထမဆုံးရိုက်ကူးမည့်ဇာတ် လမ်းတွဲလည်း ဖြစ်သည်။ SBS ရုပ်သံတွင် ၂၀၁၅ ခုနှစ် က ထုတ်လွှင့်ခဲ့သည့် Yong Pal ဇာတ်လမ်းတွဲ သည် ကင်၏ နောက်ဆုံးရိုက်ကူးခဲ့သည့် ဇာတ်လမ်းတွဲဖြစ်သည်။ကင်သည် ယင်းဇာတ်လမ်းတွဲဖြင့် ၂၀၁၅ ခုနှစ် ကိုရီးယားဒရာမာဇာတ်လမ်းတွဲ ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့သည်။
တောင်ကိုရီးယား၏ အလှဆုံး အမျိုးသမီးသရုပ်ဆောင်တစ်ဦးဟု ဖော်ညွှန်းခံခဲ့ရသည့် ကင်သည် ၂၀၁၇ ခုနှစ်တွင် ရိန်းနှင့် လက်ထပ်ခဲ့ပြီးနောက် သရုပ်ဆောင်အလုပ် ကို ရပ်နားခဲ့ပြီး မိသားစုကိုသာ အာရုံ စိုက်ခဲ့သည်။ Stairway to Heaven ၊ Love Story in Harvard ၊ Iris ၊ Iris စသည့် ဇာတ်လမ်းတွဲများဖြင့် အောင်မြင်ခဲ့သည့် အသက် ၃၉ နှစ် အရွယ်ရှိ ကင်သည် ဒုတိယမြောက်သမီးကို စက်တင်ဘာတွင် မွေးဖွားခဲ့ ပြီးနောက် Hi Bye, Mama! ဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းခံခဲ့ရခြင်းစ်သည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား