အဋ္ဌမအကြိမ်မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit) ကို နိုဝင်ဘာ ၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး လျင်မြန်စွာပြောင်းလဲနေသည့် အခြေအနေများကြားမှ နိုင်ငံအချင်းချင်းနှင့်ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်မစ္စတာ လီချန်၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံဝန်ကြီးချုပ်မစ္စတာ ဆမ်ဒက်မဟာ ပဝရ ဓိပတိဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီး ချုပ်မစ္စတာဆုံဆိုင်းဆီဖန်ဒုံ၊ ထိုင်းဘုရင့်နိုင်ငံဝန်ကြီးချုပ်မဒမ် ဖိထောင်တန်ရှင်နာဝပ်ထရာ၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာဖန်မင်ချင်း၊ အာရှဖွံ့ဖြိုး ရေးဘဏ်ဥက္ကဋ္ဌ မစ္စတာ မာဆာဆုဂု အာဆာကာဝါနှင့်မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အဆင့်မြင့် အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဋ္ဌမအကြိမ်မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပခဲ့ပြီး ဆန်းသစ် တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးနှင့် ဆန်းသစ်တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့ ခေါင်းစဉ်ဖြင့် မျက်နှာစုံညီအစည်းအဝေးဟူ၍ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ကြောင်းသိရသည်။
ယင်းအစည်းအဝေးများတွင် နစကဥက္ကဋ္ဌကလက်ရှိ မြန်မာနိုင်ငံ၏ ဦးတည်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး အကျဉ်းမျှအသိပေးကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်အပေါ်တွင် အခြေခံပြီး နိုင်ငံအားလုံးနှင့်မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားများကို အလေးထားပြီး ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာဦးတည်ချက် (၉)ရပ် ချမှတ်ကာ ကဏ္ဍအလိုက်အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ လျင်မြန်စွာ ပြောင်းလဲနေသည့် အခြေအနေများကြားမှ လက်ရှိနိုင်ငံအချင်းချင်းနှင့်ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားသော နိုင်ငံတကာကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှုသည် အဓိကကျသည့် အခြေခံမူပင်ဖြစ်ကြောင်း၊ ထို့ကြောင့်ဂျီအမ်အက်စ် ဒေသတွင်း လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးနိုင်မည့် ကဏ္ဍအလိုက် စီမံချက်များကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံ အချင်းချင်းပူးပေါင်းမှု၊ ဂျီအမ်အက်စ် အတွင်းရေးမှူးရုံး၏ ပံ့ပိုးကူညီမှုများသာမက ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရများအပါအဝင် အခြားသက်ဆိုင်သူများ အားလုံးအတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူ နစကဥက္ကဋ္ဌက ဒေသ၏ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး (Food Security) နှင့်ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုကြောင်း၊ ကမ္ဘာ့လူဦးရေသည် ယခု ၈ ဒသမ ၃ ဘီလျံရှိပြီး၂၀၃၀ တွင် ၈ ဒသမ ၆ ဘီလျံ၊ ၂၀၃၅ ၈ ဒသမ ၉ ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ရိက္ခာဖူလုံမှုပြဿနာသည် ပိုမိုကြီးမားလာဖွယ်ပင်ရှိကြောင်း၊ စားနပ်ရိက္ခာထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဖြန့်ဖြူးမှုတို့သည် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းမှာသာ ဆောင်ရွက်နေရ ခြင်း မဟုတ်သည့်အတွက် စားနပ်ရိက္ခာဖူလုံမှုကို စဉ်းစားရင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဗဟုသုတများ မျှဝေခြင်း၊ ဒေသတွင်း စားနပ်ရိက္ခာစျေးကွက် ဖော်ဆောင်ခြင်း၊ နည်းပညာလွှဲပြောင်းမှုအပါအဝင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းစနစ်များ အသုံးပြုပြီးပြည်သူများ၏ စားနပ်ရိက္ခာဖူလုံစေရန်အတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများထဲတွင် အဆင့် ၈ ဖြစ်ပြီး ပဲတင်ပို့မှုတွင် အဆင့် (၂) ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်းကို အသိပေးပြောကြားလိုကြောင်း နစက ဥက္ကက ပြောကြားသည်။
ယင်းအပြင် ဂျီအမ်အက်စ်၏ သင်္ကတေတစ်ခုဖြစ်သည် စီးပွားရေးစြံကံင်္များ၏ အရေးပါမှုကို အလေးထားပြောကြားလိုကြောင်း၊ စီးပွားရေးစင်္ကြံများဖွံ့ဖြိုးမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်၊ ဒေသတွင်းပေါင်းစည်းမှုကို မြှင့်တင်ရန်နှင့်အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်သူများနှင့် စျေးကွက်များအကြား ချိတ်ဆက်မှုကို တိုးမြှင့်ခြင်းဖြင့် စီးပွားရေးစင်္ကြံတစ်လျှောက် ကုန်သွယ်မှုတိုး တက်စေသည့်အပြင် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုတွင် စျေးကွက်အသစ်များ ပေါ်ထွန်းလာစေနိုင်ကြောင်း၊ ယင်းစီးပွားရေး စကြံင်္များကို အသုံးပြုပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်သော ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌကဆိုသည်။
အဆိုပါအစည်းအဝေးတွင် တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးက သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေးနောက်ပိုင်း ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို နိုင်ငံ့ခေါင်းဆောင်များထံ အစီရင်ခံတင်ပြခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံပြည်နယ်/ တိုင်းအဆင့်ခေါင်းဆောင်များ ဖိုရမ်အစီရင်ခံစာကို ယူနန်အစိုးရအဖွဲ့မှ တာဝန်ရှိသူကလည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအစည်းအဝေးရလဒ်ကို ဂျီအမ်အက်စ်အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူကလည်းကောင်း တင်ပြပြီးထိပ်သီးအစည်းအဝေးပူးတွဲ ကြေညာချက်နှင့် ဂျီအမ်အက်စ်ဆန်းသစ်တီထွင်မှု မဟာဗျူဟာ ၂၀၃၀ ကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။
မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion- GMS Economic Cooperation Program) ကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်သုံးခုနီးပါး အောင်မြင်စွာရပ်တည်လျက်ရှိသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်ကြောင်း၊ ဂျီအမ်အက်စ် အစီအစဉ်အရ ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀) နှစ် ပြည့်မြောက်သည့် ၂၀၀၂ ခုနှစ်မှစတင်၍ (၃)နှစ်လျှင်တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးများတွင် အနာဂတ်ကာလဒေသခွဲ ဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းသည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာ ယခုကျင်းပသည့် အဋ္ဌမအကြိမ်မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် ဆန်းသစ်တီထွင်မှု မူဘောင်နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက် စာတမ်းတို့ကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်