အမေရိကန်သည် အာဖဂန်နစ္စတန်တွင် အခက်အခဲများကို ကြိုးပမ်းဖြေရှင်းရန် ဆန္ဒမရှိခဲ့သဖြင့် စူပါပါ၀ါနိုင်ငံမဟုတ်တော့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင်ဝဲလေ့စ်က Spectator မဂ္ဂဇင်းနှင့်ပြုလုပ် ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ဗြိတိန်ဟာလည်း စူပါပါ၀ါ နိုင်ငံမဟုတ်တာ သိသာထင်ရှားနေပါတယ်”ဟု ၎င်းက ဆိုသည်။ ထို့ပြင် အာဖဂန်မှ အမေရိကန်တပ်များ ရုပ်သိမ်းမှုနှင့်ပတ်သက်ပြီး ရည်ညွှန်း ပြောဆိုခဲ့သည့် မှတ်ချက်များအရ “စူပါပါ၀ါ နိုင်ငံဆိုတာ ဆုံးဖြတ်ထားတဲ့ ကိစ္စတစ်ခုကို ကြိုးစားပမ်းစားရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင် မထားဘူးဆိုရင် ဒါဟာ စူပါပါ၀ါနိုင်ငံလို့ ပြော လို့မရပါဘူး။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ အင် အားတစ်ခု လုံးဝမဟုတ်ပါဘူး။ ကြီးမားတဲ့ စွမ်းအားတစ်ခုလို့ပဲ ပြောလို့ရပါလိမ့်မယ်” ဟု ဝဲလေ့စ်က ပြောကြားခဲ့သည်။
ဝဲလေ့စ်သည် အာဖဂန်မှ အမေရိကန် တပ်များရုပ်သိမ်းမှုကို ယခင်ကတည်းက ဝေဖန်ခဲ့သူဖြစ်ပြီး ယင်းကဲ့သို့ အခြေအနေမျိုး ဖြစ်စေရန် လုပ်ဆောင်ခဲ့သည့် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်အား အပြစ် တင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ထရန့် အစိုးရအဖွဲ့သည် အာဖဂန်မှ အမေရိကန်တပ်များကို ရုပ်သိမ်းရန် တာလီဘန်များနှင့် သဘောတူညီချက်တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့သည်။
ဘိုင်ဒင်အစိုးရသည် တပ်ရုပ်သိမ်းရန် အချိန်ဇယားကို ချဲ့ထွင်ခဲ့သော်လည်း အဆိုပါ သဘောတူညီချက် အစိတ်အပိုင်းများစွာကို ဆက်လက်သဘောတူထားခဲ့သည်။
“ကျွန်တော့်ရဲ့ လေ့လာချက်ကို သိချင် တယ်ဆိုရင်တော့ ဒေါ်နယ်ထရန့်က သဘော တူညီချက်လုပ်လိုက်တဲ့အချိန်မှာ ပြည်ဖုံးကား ကျသွားပြီဆိုတာပါပဲ” ဟု ဝဲလေ့စ်က BBC ၏ Breakfast အစီအစဉ်သို့ လွန်ခဲ့သည့်လက ပြောကြားခဲ့သည်။
“သမ္မတဘိုင်ဒင်ဟာ (ဆက်လိမ့်နေတဲ့) အရှိန်အဟုန်တစ်ခုကို ဆက်ခံခဲ့ရတာပါ။ အခုအချိန်မှာ သူတို့ အနိုင်ရတယ်ရယ်လို့ တာလီဘန်တွေ ယူဆနေကြတာမို့ အဲဒီအရှိန် အဟုန်ကို တာလီဘန်တွေကို ပေးလိုက်ရတာ ပဲပေါ့။ ဘိုင်ဒင်ဟာ နိုင်ငံတကာအသိုင်းအဝိုင်း ကနေ (အမေရိကန်အနေနဲ့) တပ်ဆုတ်သွား တဲ့ အရှိန်အဟုန်တစ်ခုကိုလည်း ဆက်ခံခဲ့ရ တာပါပဲ” ဟုလည်း ဝဲလေ့စ်က ပြောကြားခဲ့သည်။
“မကြာသေးမီသီတင်းပတ်တွေအတွင်း က အာဖဂန်နစ္စတန်မှာ ကမ္ဘာကြီးအနေနဲ့ ကြုံတွေ့လိုက်ရတဲ့ အရာတွေရဲ့ အကြောင်း ရင်းခံတွေဟာ သမ္မတဘိုင်ဒင် အာဏာမရခင် ကတည်းက မျိုးစေ့ချပြီးသားပါ” ဟု ဝေါ့လေ့စ်ကဆိုသည်။
ဝဲလေ့စ်က ဧပြီလအထိပြန်ကြည့်ကာ ထရန့်၏ တာလီဘန်တို့နှင့်ရယူခဲ့သည့် သ ဘောတူညီချက်ကို ပုပ်သိုးနေပြီးသားဟု ခေါ် ဆိုခဲ့သည်။
“ထရန့်က တာလီဘန်တွေနဲ့ သဘောတူ ညီခဲ့တဲ့ အချိန်မှာ ကျွန်တော်ကတော့ အဲဒီ သဘောတူညီချက်ကို အဲဒီပုံစံမျိုးနဲ့ လုပ်ခဲ့တာ မျိုးကို အမှားတစ်ရပ်ပဲလို့ ရှင်းရှင်းလင်းလင်း မြင်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ နိုင်ငံ တကာအသိုင်းအဝိုင်းတစ်ရပ်လို့ ယူလိုက်တဲ့ အခါ အဲဒါရဲ့ အကျိုးဆက်တွေအတွက် ကျွန် တော်တို့ ပေးဆပ်ရနိုင်ပါတယ်” ဟုလည်း ဝဲလေ့စ်က ပြောကြားခဲ့သည်။
“ဒိုဟာမှာ လုပ်ခဲ့တဲ့ သဘောတူညီချက် ဟာ ပုပ်သိုးနေတဲ့ သဘောတူညီချက်ပါပဲ။ အဲဒီသဘောတူညီချက်ဟာ အနိုင်ရနေတာ မဟုတ်တာကို သူတို့နိုင်နေပါတယ်လို့ တာလီ ဘန်တစ်ယောက်ကို ပြောလိုက်သလိုပါပဲ။ ပြီးတော့ အာဖဂန်အစိုးရကို နှိမ့်ချလိုက်သလို ပါပဲ။ အခုတော့ တာလီဘန်တွေ နိုင်ငံတစ် လွှားမှာ အရှိန်ရသွားတာ သိသာနေတဲ့ အနေ အထားတစ်ရပ်ထဲ ကျွန်တော်တို့ ကျရောက် သွားပါပြီ” ဟု ဝဲလေ့စ်က ပြောကြားခဲ့သည်။
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း