Top News

ထိုင်းနိုင်ငံ၏ ဂူတစ်ခုအတွင်းပိတ်မိနေသည့် ကလေးငယ်များအား ကယ်တင်ခဲ့သည့်ဖြစ်ရပ်မှန်ကို အခြေခံထားသည့် The Cave ရုပ်ရှင်ကို မြို့ကြီးအများအပြား၌ ရုံတင်ပြသ
24htopnews | June 1, 2024 4:12 PM CST

ထိုင်းနိုင်ငံ၏ ဂူတစ်ခုအတွင်း ပိတ်မိနေသည့် ကလေးငယ်များအား ကယ်တင်ခဲ့သည့် ဖြစ်ရပ်မှန်ကို အခြေခံထားသော The Cave ရုပ်ရှင်ကို မြို့ကြီးအများအပြား၌ ဒီဇင်ဘာ ၅ ရက်မှစတင်ကာ တစ်ပြိုင်တည်း ရုံတင် ပြသထားသည်။

ယင်းဇာတ်ကားကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၅ ရက်က စတင်ပြသခဲ့ပြီး အာရှနိုင်ငံများ၌ ဒီဇင်ဘာလအတွင်း ရုံတင်ပြသမည် ဖြစ်သည်။ အဆိုပါဇာတ်ကားကို တောင်ကိုရီးယား၊ ကနေဒါ၊ ဗြိတိန်၊ ဖိလစ်ပိုင်၊ သြစတြေးလျနှင့် အိုင်ယာလန်နိုင်ငံများ၏ ရုပ်ရှင်ပွဲတော်များတွင်လည်း ပါဝင်ပြသခဲ့သည်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ လိုဏ်ဂူတစ်ခုအတွင်းသို့ ဝင်ရောက်လေ့လာခဲ့သည့် အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြား ယောကျ်ားလေး ဘောလုံးသမား ၁၂ ယောက်နှင့် အသက် ၂၅ နှစ်အရွယ် နည်းပြတစ်ဦးတို့သည် ယင်းဂူအတွင်း၌ ပိတ်မိသွားခဲ့ကြသည်။

ယင်းအဖြစ်ကိုသိရှိသွားခဲ့သည့် ထိုင်းအစိုးရ၊ ပြည်သူများနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ စေတနာ့ဝန်ထမ်းများနှင့် စစ်သည်များက ၎င်းတို့ကို အမြန်ဆုံးကယ်ထုတ်နိုင်ရန်အတွက် ကြိုးစားခဲ့ကြသည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးကြိုးစားမှုများကို ကိုးရက်တာလုပ်ဆောင်ခဲ့ရပြီး အမေရိကန်နှင့် တရုတ်တို့မှ စစ်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များအပြင် ထိုင်းနိုင်ငံရေတပ်မှ ကျွမ်းကျင်သူများပူးပေါင်းကာ လုပ်ဆောင်ခဲ့သည့် ကယ်ဆယ်ရေးဖြစ်စဉ်များကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားသည်။

The Cave ရုပ်ရှင်ကို ဒါရိုက်တာ Tom Walker ရိုက်ကူးပြီး Nirut Sirichanya, Maythavee Burapasing, Ron Smoorenburg တို့ပါဝင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ၂၊ မင်္ဂလာ(စံပြ၊ ဂမုန်းပွင့်၊ စိန်ဂေဟာ၊ မြောက် ဥက္ကလာ၊ တာမွေ၊ တောင်ဒဂုံ၊ Gold Class) ရုံများ၊ မန္တလေးမြို့ရှိ မင်္ဂလာ(ဒိုင်းမွန်း၊ စင်တာပွိုင့်) တို့အပြင် ပုသိမ်မြို့ မင်္ဂလာရွှေပြည်သာ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည်း ရုံတင်ပြသထားသည်။

 

 


READ NEXT
Cancel OK