ဒါရိုက်တာ မာတင်စကော့ဆေးဆေး ရိုက်ကူးသည့် The Irishman ဇာတ်ကားကို ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ကားအဖြစ် National Board of Review (NBR) က ရွေးချယ်ခဲ့သည်။ ယင်းသည် ဟောလိဝုဒ်၏ ဆုပေးပွဲရာသီအတွင်း IFP Gotham အတွက် ဒုတိယမြောက် အဓိကဆုရရှိမှုလည်း ဖြစ်သည်။
အွန်လိုင်းရုပ်သံ Netflix တွင် ထုတ်လွှင့်သည့် ဒါရိုက်တာ Noah Baumbach ၏ Marriage Story ဇာတ်ကားသည်လည်း ဒီဇင်ဘာ ၃ ရက်က ကျင်းပသည့် IFP Gotham ဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့သည်။ ယင်းဇာတ်ကားနှစ်ကားသည် အော်စကာဆု ဆန်ခါတင်စာရင်းတွင် ဆုအများအပြားအတွက် လျာထားခံရနိုင်သည်ဟုလည်း ခန့်မှန်းခံခဲ့ရသည်။
The Irishman ဇာတ်ကားသည် NBR ၏အကောင်းဆုံး မှီငြမ်းဇာတ်ညွှန်းဆုအတွက်လည်း ရွေးချယ်ခံခဲ့ရသည်။ ယင်းဇာတ်ကား၏ ဒါရိုက်တာ မာတင်စကော့ဆေးဆေးနှင့် သရုပ်ဆောင်များဖြစ်သည့် ရောဘတ်ဒီနီယိုနှင့် အယ်လ်ပါချီနိုတို့သည် NBR Icon ဆုရှင်များအဖြစ် ရွေးချယ်ခံခဲ့ရသည်။
NBR ၏ အကောင်းဆုံးဒါရိုက်တာဆုကို Once Upon a Time ….. in Hollywood ဇာတ်ကား၏ ဒါရိုက်တာ ကွန်တင်တာရန်တီနိုက ရရှိခဲ့သည်။ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို Judy ဇာတ်ကားတွင် ဂျူဒီကာလန်အဖြစ် သရုပ်ဆောင်ခဲ့သည့် Renee Zellweger က ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို Adam Sandler က သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကား Uncut Gems ဖြင့် ရရှိခဲ့သည်။
Once Upon a Time…. In Hollywood ဇာတ်ကားဖြင့် အော်စကာဆုအတွက် တစ်ပြေးနိုင်ခြေရှိသည်ဟု ခန့်မှန်းထားသည့် ဘရက်ပစ်သည် အကောင်းဆုံးဇာတ်ပို့အမျိုးသား သရုပ်ဆောင်ဆုအတွက် ရွေးချယ်ခံခဲ့ရသည်။ ဒါရိုက်တာကလင့်အိစ်ဝုဒ် ရိုက်ကူးသည့် အတ္ထုပ္ပတ္တိဇာတ်ကား Richard Jewell တွင် Paul Walter Hauser အဖြစ် သရုပ်ဆောင်ခဲ့သည့် Kathy Bates သည် အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုအတွက် ရွေးချယ်ခံခဲ့ရသည်။
NBR သည် ပညာရှင်များနှင့် ရုပ်ရှင်အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် သက်တမ်းကြာသော အဖွဲ့တစ်ခုဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ယင်းအဖွဲ့က ရွေးချယ်ခဲ့သည့် Green Book ဇာတ်ကားသည် (၉၁) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ကားဆု၊ မူရင်းဇာတ်ညွှန်းဆုနှင့် ဇာတ်ပို့အမျိုးသားသရုပ်ဆောင်ဆုများ ရရှိခဲ့သည်။ NBR ဆုပေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် နယူးယောက်၌ ပြုလုပ်မည်ဖြစ်သည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား