ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉ ကို နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံတွင် ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ ဂျပန်ရုပ်ရှင်ပွဲတော်ကို နှစ်စဉ်တိုင်းတွင် အစဉ်အလာမပြတ် ကျင်းပနေခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်းဝင်ကြေး အခမဲ့ဖြင့် ကျင်းပမည်ဖြစ်သည်။ ဂျပန်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများအား ထင်ဟပ်ပုံဖော်ထားသည့် ဂျပန်ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်ပြသမည်ဖြစ်ကာ အင်္ဂလိပ်စာတန်းထိုးနှင့် မြန်မာစာတန်းထိုးဇာတ်ကားများ ပါဝင်မည်ဖြစ်သည်။
“ ဂျပန်ရုပ်ရှင်ပွဲတော်ကို အစဉ်အလာမပြတ် ကျင်းပသွားပါမယ်။ အခုတစ်ကြိမ်မှာတော့ နေပြည်တော်မှာ ဦးစွာကျင်းပသွားမှာပါ။ ရန်ကုန်မှာတော့ ၂၀၂၀ မတ်လအတွင်း ကျင်းပဖို့ စီစဉ်ထားပါတယ်။ နေပြည်တော်မှာ ပြုလုပ်မယ့် ဂျပန်ရုပ်ရှင်ပွဲတော်မှာ ဂျပန်ဇာတ်ကားကောင်းတွေကို ရွေးချယ်ပြသ ပေးသွားပါမယ်။ ဝင်ကြေးအခမဲ့နဲ့ ဖြစ်လို့ ကိုယ်နှစ်သက်ရာဇာတ်ကားကို ရွေးချယ်ပြီး အားပေးကြည့်ရှုနိုင်ပါမယ်။ လာရောက်အားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ဂျပန်ရုပ်ရှင်ပွဲတော်အတွက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဂျပန်ရုပ်ရှင်ပွဲတော်တွင် ပြသသွားမည့် ဇာတ်ကားများအား ဂျပန်ရုပ်ရှင်ပွဲတော် Facebook Page မှ လွှင့်တင်ပေးသွားမည်ဖြစ်ပြီး ဇာတ်ကားများနှင့် ပတ်သက်သည့် အချက်အလက်များကို မိတ်ဆက်ပေးသွားမည် ဖြစ်သည်။ ယင်းဇာတ်ကားများထဲမှ တစ်ကားဖြစ်သော Samurai Shifters ဇာတ်ကားမှာ ရာဇဝင်ကိုနောက်ခံထားသည့် ဟာသဇာတ် မြူးဇာတ်ကားအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ ပဒေသရာဇ်ခေတ် အရှင်သခင်ကြီး မက်ဆုဒိုင်ရာနာအိုနိုရီ၏ ဘဝအကြောင်းကို အခြေခံပုံဖော်ထားသည့် ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားအပြင် အခြားသော စိတ်ဝင်စားဖွယ် ဇာတ်ကားများစွာလည်း ပါဝင်ပြသမည်ဖြစ်သည်။ ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။
ဂျပန်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၀ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ပြီး အဖွင့်ဇာတ်ကားအဖြစ်ပြသမည့် ဇာတ်ကားကိုလည်း မိတ်ဆက်ကြေညာပေးမည်ဖြစ်ကာ ဇာတ်ကားမပြသမီ တစ်နာရီအလိုတွင် လက်မှတ်များ ရယူအားပေးနိုင်မည်ဖြစ်သည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား