အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ပြီး နောက်ထပ်အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည် ဆိုသောစွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရသည့် ကိုရီးယားသရုပ်ဆောင် Kang Ji- hwan ကို ခရိုင်တရားရုံးတစ်ခုက ဒီဇင်ဘာ ၅ ရက်တွင် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခဲ့သည်။
ထုတ်လုပ်ရေးကုမ္ပဏီမှ အမျိုးသမီးဝန်ထမ်းနှစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ဖြင့် အသက် ၄၂ နှစ်အရွယ်ရှိ Kang အား ထောင်ဒဏ်နှစ်နှစ်ခွဲကို ဆိုင်းငံ့သုံးနှစ်ဖြင့် ဆူဝမ် ခရိုင်တရားရုံး၏ ရုံးခွဲဖြစ်သည့် Seongnam တရားရုံးက အမိန့် ချမှတ်ခဲ့သည်။
Kang သည် လူမှုဝန်ဆောင်မှု နာရီ ၁၂၀၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူအတွက် ကုသမှုနာရီ ၄၀ ခံယူရန်လည်း အမိန့်ချမှတ်ခံရသည့်အပြင် အလုပ်လုပ်ကိုင်မှု သုံးနှစ်ကန့်သတ် ခံခဲ့ရသည်။
မုဒိမ်းမှုအတွက် ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် Kang သည် ဒီဇင်ဘာ ၅ ရက်တွင် Seongnam တရားရုံးမှ ထွက်လာခဲ့သည်။ Kang (အမည်ရင်း Jo Tae gyu) သည် ထုတ်လုပ်ရေးကုမ္ပဏီမှ အမျိုးသမီးနှစ်ဦးနှင့်အတူ ၎င်း၏နေအိမ်တွင် အရက်သောက်ခဲ့ပြီး ယင်းအမျိုးသမီးနှစ်ဦး အိပ်ပျော်သွားစဉ် တစ်ဦးကို အဓမ္မကျင့်ကာ ကျန်တစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ဇူလိုင် ၉ ရက် တွင် ဖမ်းဆီးခံခဲ့ရသည်။
Kang သည် ယင်းစွဲချက်များကြောင့် Joseon Survival ရုပ်သံဇာတ်လမ်းတွဲအစီအစဉ်မှ ထုတ်ပယ်ခံခဲ့ရသည်။ ၎င်း၏အေဂျင်စီ Huayi Brothers Korea ကလည်း Kang နှင့် စာချုပ်ချုပ်ဆိုမှုကို အဆုံးသတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၂၁ ရက် ကြားနာမှုတွင် Kang ကို ထောင်သုံးနှစ်ချရန် အစိုးရရှေ့နေများက တောင်းဆိုခဲ့သည်။ ပြစ်ဒဏ်မချမီတွင် စော်ကားခံရသူနှစ်ဦးနှင့် အခြားလုပ်ဖော်ကိုင်ဖက်များက Kang ကို အပြစ်မပေးရန် တရားရုံးကို အသနားခံစာ လျှောက်ထားခဲ့သည်။
ပြစ်ဒဏ်ကို သက်ညှာပေးရန် စော်ကားခံရသူများက မေတ္တာရပ်ခံခဲ့သော်လည်း တရားခံသည် ကျန်ရှိနေသည့် ဘဝအချိန်များတွင် ၎င်း၏လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများကို နောင်တရသင့်ကြောင်း Seongnam တရားရုံးက ထုတ်ပြန်ခဲ့သည်။
Kang သည် ရာဇဝတ်မှုဆိုင်ရာစွဲချက်တစ်ခုကို ဝန်ခံခဲ့သော်လည်း နောက်စွဲချက်တစ်ခုကိုမူ ငြင်းဆိုခဲ့သည်ဟု တရားရုံးက ထုတ်ပြန်ခဲ့သည်။
၂၀၀၁ ခုနှစ်တွင် ဂီတပဒေသာ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကသို့ ဝင်ရောက်ခဲ့သည့် Kang သည် Be Strong , Geum- Soon ၊ Capital Scandal ၊ Hong Gil-don စသည့် ဇာတ်လမ်းတွဲများနှင့် Rough Cut ၊ My Girlfriend Is an Agent စသည့် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား