လောကကြိုးဝိုင်းအတွဲ ၂ အက်ရှင် ဇာတ်လမ်းတွဲအား Canal+ ရုပ်သံလိုင်းတွင် မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်လမ်းတွဲကို ဒါရိုက်တာ အာကာက ရိုက်ကူးဖန်တီးထားကာ လက်ဝှေ့အားကစား နောက်ခံစိတ်လှုပ်ရှားဖွယ် အက်ရှင် ဇာတ်ကားအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ လောကကြိုးဝိုင်းအတွဲ ၁ အား Canal+ တွင် ရိုက်ကူးပြသခဲ့ပြီးနောက် ပရိသတ်အားပေးမှု များပြားခဲ့သဖြင့် မတူကွဲပြားသည့်ဇာတ်လမ်းပုံစံနှင့် အတွဲ ၂ အားဖန်တီးထားခြင်းဖြစ်သည်။ လောကကြိုးဝိုင်းအတွဲ ၂ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ခါရာ၊ ရဲနောင်၊ ထူးခြား၊ အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီအောင်ခိုင်၊ မေမြတ်နိုး၊ မေကဗျာ၊ ယဉ်လတ်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်။
“ လောကကြိုးဝိုင်းဇာတ်လမ်းတွဲက ပထမပိုင်းကတည်းက ပရိသတ်တွေ သဘောကျနှစ်သက်ကြတယ်။ အခုဒုတိယပိုင်းမှာလည်း နောက်ထပ်မတူ ကွဲပြားတဲ့ရသတစ်ခုကို ရမှာပါ။ ဒီဇာတ်လမ်းတွဲအတွက်လည်း အများကြီး ကြိုးစားထားပါတယ်။ အဓိကတော့ အက်ရှင်ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် အက်ရှင်ပြကွက်တွေမှာ ပီပြင်စေဖို့ အများကြီးလေ့ကျင့်ရတယ်။ ပြင်ဆင်ရတယ်။ ရိုက်ကူးရင်းနဲ့ ထိခိုက်မိတာတွေလည်း ရှိခဲ့တယ်။ ပရိသတ်တွေအတွက် နောက်ထပ်ရသတစ်မျိုး ရနိုင်မယ့်ဇာတ်ကားမျိုး ဖြစ်မှာပါ” ဟု ယင်းဇာတ်ကားတွင် ပါဝင်ထားသည့် သရုပ်ဆောင် ခါရာက ဆိုသည်။
သရုပ်ဆောင်မေမြတ်နိုးက “ လောက ကြိုးဝိုင်း Season 1 မှာကတည်းက အားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အခုမတူကွဲပြားတဲ့ရသတစ်ခုနဲ့ Season 2 ကို အားပေးနိုင်မှာပါ။ မြတ်နိုးကိုလည်းရှေ့မှာ ပါဝင်ခဲ့တဲ့ကာရိုက်တာနဲ့ ကွဲပြားတဲ့ပုံစံတစ်ခုနဲ့ မြင်တွေ့ရပါမယ်။ အက်ရှင်အသားပေး ဇာတ်ကားတွေကြိုက်တဲ့ ပရိသတ်တွေအတွက် နှစ်သက်ကြမှာပါ” ဟု သရုပ်ဆောင် မေမြတ်နိုးက ဆိုသည်။
ယင်းဇာတ်လမ်းတွဲကို မကြာမီပြသသွားမည် ဖြစ်သည်။
-
မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား