ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့ Got 7 က ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကြောင့် ဘန်ကောက်နှင့် စင်ကာပူတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့ကြောင်း ပွဲစီစဉ်သူများက ကြေညာချက်ထုတ်ပြန် ခဲ့သည်။
Got 7 အဖွဲ့သည် Keep Spinning ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Rajamangala အားကစားရုံတွင် ဖေဖော်ဝါရီ ၁၅ ရက်နှင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖျော်ဖြေရန် မူလက စီစဉ်ထားသည်။
ဆိုးလ်ရှိ Got 7 အဖွဲ့၏အေဂျင်စီ JYP Entertainment နှင့် ဆွေးနွေးခဲ့ပြီးနောက် ပရိသတ်များနှင့် အနုပညာရှင်များ၏ ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးအတွက် ဘန်ကောက်ဖျော်ဖြေပွဲများကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်ဟု ပွဲစီစဉ်သည့်4 NOLOGUE ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
အမျိုးသားအဆိုတော် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည့် Got 7 အဖွဲ့သည် စင်ကာပူရှိ Indoor အား ကစားရုံ၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဖျော်ဖြေပွဲကိုလည်း ဖျက်သိမ်းခဲ့ကြောင်း ယင်းဖျော်ဖြေပွဲကို စီစဉ်သည့် Live National Singapore ကုမ္ပဏီက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်မှတ်များအတွက် ငွေပြန်အမ်းပေးမည့် အစီအစဉ်ကို ဝက်ဘ်ဆိုက်တွင် ကြေညာပေးမည်ဟု Live Nation Singapore က ထုတ်ပြန်ခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ဂျေဘီ၊ မက်၊ ဂျက်ဆန်၊ ဘမ်ဘမ်၊ Jinyoung၊ Youngjae နှင့် Yugyeom တို့ဖြင့် ဖွဲ့စည်းခဲ့သည့် Got 7 အဖွဲ့သည် ပွဲဦးထွက်ဖြန့်ချိခဲ့သည့် Got It? မီနီအယ်လ်ဘမ်ဖြင့် လူသိများခဲ့သည်။ ယင်းအဖွဲ့သည် Martial Artstricking နှင့် Street Dance တို့ ပါဝင်သည့် ဖျော်ဖြေမှုများဖြင့် ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့သည်။
Got 7 အဖွဲ့သည် ၂၀၁၄ ခုနှစ်တွင် Sony Music Entertainment နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ဂျပန်ဘာသာဖြင့် သီဆိုထားသည့် Around the World သီချင်းဖြင့် ဂျပန်ဂီတစျေးကွက်သို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် ဖြန့်ချိခဲ့သည့် ယင်းအဖွဲ့၏ ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် Identify သည် ကိုရီးယားသီချင်း ရောင်းချမှုစာရင်းများ၏ နံပါတ်တစ်နေရာတွင် ဦးဆောင်ခဲ့သည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှအဆိုတော်များ၏ ဒေသတွင်းတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့သည်။ ဟောင်ကောင်အဆိုတော် Andy Lau သည် ဟောင်ကောင်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ၎င်း၏ ဖျော်ဖြေပွဲ ၁၂ ပွဲကို ဖျက်သိမ်းခဲ့သည်။
ကေပေါ့ပ်အမျိုးသားအဆို တော်အဖွဲ့ စူပါဂျူနီယာအဖွဲ့သည် ဆိုးလ်မြို့အနီး Goyang ၌ ဇန်နဝါရီ ၂၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် Super Junior The Stage ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့သည်။ တရုတ်၌ ရေပန်းစားသည့် တောင်ကိုရီးယားသရုပ်ဆောင် ကင်ဆိုဟွန်းသည်လည်း ဖေဖော်ဝါရီ ၉ ရက်တွင် ဆိုးလ်၌ပြုလုပ်ရန် စီစဉ်ထားသည့် ပရိသတ်တွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့သည်။
-
မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား