Top News

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ စောင့်ကြည့်ရမည့်နိုင်ငံနှင့် ဒေသများစာရင်းမှ လွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌပြောကြား
24htopnews | May 30, 2024 6:12 PM CST

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ စောင့်ကြည်ရမည့်နိုင်ငံနှင့် ဒေသများစာရင်းမှ လွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ဘဏ်လုပ်ငန်းကဏ္ဍတွင် AML/CFT ဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များနှင့် ဘဏ်များ ဆက်လက်ဆောင်ရွက်ရမည့်အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘဏ်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် Action Plan ပါအချက်များအနက် ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေမြင့်မားသည့်အပိုင်းများအပါအဝင် Onsiteနှင့် Offsite စစ်ဆေးခြင်းကို အချိန်မီဆောင်ရွက်ခဲ့သည့်အတွက် ကြီးမားစွာလိုက်နာဆောင်ရွက်ကြောင်း (Largely Address) အဆင့်သတ်မှတ်ချက်ရရှိထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဘဏ်များ၏အကြီးအကဲများ၊ အမှုဆောင်များ၊ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် AML/CFT ၏ အရေးကြီးပုံကို ကောင်းစွာနားလည်သဘောပေါက်ပြီး မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်သွားရန်၊ မိမိဘဏ်၏ Compliance Team ကို လိုအပ်သည့်လမ်းညွှန်မှုများ၊ လုပ်ပိုင်ခွင့်များနှင့် ပံ့ပိုးမှုများပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် ဘဏ်များ၏ လျှို့ဝှက်ထားရန်တာဝန်ကို ကျိုးပေါက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပြည်ပငွေလွှဲ လုပ်ငန်းကုမ္ပဏီများကြီးကြပ်ရေး လက်စွဲပြုစုထားပြီးဖြစ်၍ ပြည်ပငွေလွှဲကုမ္ပဏီများကို မကြာမီသွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ FATF ၏ တိုးမြှင့်စောင့်ကြည့်ရမည့်နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under Increased Monitoring) တွင် ထည့်သွင်းခြင်းခံရပြီးနောက် လေးလလျှင်တစ်ကြိမ်၊ အာရှ-ပစိဖိတ်ဒေသပူးပေါင်းအဖွဲ့ (APJG) မှ မြန်မာနိုင်ငံ၏ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တင်ပြလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK