မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အားနည်းချက်များ ရှိနေသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောကြားသည်။
ထို့ပြင် မူးယစ်ဆေးဝါးမှု၊ အဂတိလိုက်စားမှု၊ နယ်စပ်ဖြတ်ကျော်မှောင်ခိုမှုများအပါအဝင် ကုမ္ပဏီအဖွဲ့အစည်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များ ပိုမိုသိရှိနားလည်ရန်၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များတွင် ငွေကြေးခဝါချ မှုဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု ကွင်းဆင်း/ရုံးထိုင်စစ်ဆေးမှုများဆောင်ရွက်ရန်၊ ဟွန်ဒီလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုကြီးကြပ်ဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ တရားဥပဒေစိုးမိုး ရေးအဖွဲ့အစည်းများအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှုဆိုင်ရာ သံသယဖြစ်ဖွယ်သတင်းပို့ချက်များ ပိုမိုဖော်ထုတ်ရန်၊ မှုခင်းများကို စုံစမ်းစစ်ဆေးရာတွင် ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးခြင်းကိုပါ တစ်ပြိုင်တည်းတိုးမြှင့်ဆောင်ရွက်ရန်၊ ငွေကြေးခဝါချ မှုကျုးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရေးနှင့် ကျူးလွန်ထားသော ငွေကြေးပိုင်ဆိုင်မှုပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းနိုင်ရေး ပိုမိုးတိုးမြှင့်ဆောင်ရွက်ရန်၊ မှုခင်းများတွင် သိမ်းဆည်းထားသောငွေကြေးနှင့် ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းမိန့်ချ မှတ်သည်အထိ တန်ဖိုးလျော့နည်းမှုမရှိစေရေးဆောင်ရွက်ရန်၊ လူအများအပြားသေကြေစေနိုင်သည့် လက်နက်များပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆောင်ရွက်ကြရန် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၂) တွင် ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် Finnancial Action Task Force-FATF က မြန်မာနိုင်ငံကို တိုးတက်ဆောင်ရွက်မှုများ စောင့်ကြည့်နိုင်ငံနှင့်ဒေသများ (Grey List) စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ဆောင်ရွက်ချက်များကို အာရှ-ပစိဖိတ်ဒေသပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) သို့ တိုးတက်မှုအစီရင်ခံစာ လေးလတစ်ကြိမ်ပေးပို့ရခြင်း၊ မျက်နှာချင်းဆိုင်အစည်းအဝေးများ တက်ရောက်ရခြင်း၊ စံနှုန်းသတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက် တိုးမြှင့်ပေးနိုင်ရေးနှင့် Asia Pacific Group on Money Laundering-AFG) သို့ တစ်နှစ်လျှင်တစ်ကြိမ် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာပေးပို့ခဲ့ကြောင်း၊ FATF ၏အကြံပြုချက်အချို့တွင် စံနှုန်းတိုးတက်ကောင်း မွန်မှုများရရှိပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံပါတိုးတက်ဆောင်ရွက်ချက်များကို APJG သို့ ခြောက်ကြိမ် ပေးပို့ခဲ့ပြီဖြစ်ကြောင်း၊ ပထမအကြိမ်တိုးတက်မှုအစီရင်ခံစာတွင် အစီအမံ ၁၅ ချက်အပေါ် တိုးတက်မှုပေးပို့ခဲ့ရသော်လည်း ပဥ္စမအကြိမ်မှစ၍ ၁၁ ချက်၏တိုးတက်မှုများကိုပေးပို့ခဲ့ကြောင်း သိရသည်။
ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ၊ ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းများအပါအဝင် အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံကို ၂၀၂၂ အောက်တိုဘာလတွင် အပြီးသတ်ဆောင်ရွက်ရန် FATF က တိုက်တွန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောကြားသည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား