တောင်ကိုရီးယားအဆိုတော် ဂျက်ဆီသည် ၎င်း၏ ၂၀၂၂ ခုနှစ်တွင်ထွက်ရှိသည့် Zoom သီချင်းက YouTube တွင် ကြည့်ရှုသူ သန်း ၁၀၀ ကျော်ရှိသည့် ပထမဆုံးအမျိုးသမီး K-Pop တစ်ဦးတည်းအဆိုတော်ဖြစ်လာခဲ့သည်ဟု သိရသည်။
ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန်နံနက် ၁၂နာရီခွဲတွင် ဂျက်ဆီ၏ Zoom သီချင်းသည် YouTube တွင် ကြည့်ရှုသူ သန်း ၁၀၀ အထိ ရောက်ရှိခဲ့ပြီး ယင်းသည် NUNU NANA တေးသီချင်းပြီးနောက် ကြည့်ရှုသူသန်း ၁၀၀ ရှိသည့် ဒုတိယမြောက် တေးသီချင်းဗီဒီယိုဖြစ်လာခဲ့သည်။
ဂျက်ဆီသည် Zoom သီချင်းကို ဧပြီ၁၃ ရက် ဒေသစံတော်ချိန် ညနေ ခြောက်နာရီတွင် ကနဦးထုတ်လွှင့်ခဲ့ခြင်းဖြစ်သည့်အတွက် YouTube တွင် ကြည့်ရှုသူ သန်း ၁ဝဝပြည့် ရန် နှစ်လ ၂၇ ရက် ခြောက်နာရီကြာမြင့်သည့် အဓိပ္ပာယ်ဖြစ်သည်။
လက်ရှိတွင် Zoom သီချင်းသည် ဂျက်ဆီ၏ ကြည့်ရှုသူ သန်း ၁၀၀ ကို အမြန်ဆုံးရောက်ရှိခဲ့သည့် တေးသီချင်းဗီဒီယိုလည်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်က ထွက်ရှိခဲ့သည့် NUNU NANA တေးသီချင်းဗီဒီယိုသည် YouTube တွင် ကြည့်ရှုသူ သန်း ၁၀၀ ပြည့်မီရန် ပျမ်းမျှ ခုနစ်လနှင့် ၁၉ ရက်ကြာမြင့်ခဲ့သည်ဟု သိရသည်။
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ
-
တရုတ်စက်ရုံက ရုရှားအတွက် စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ပေးနေသည်ဟူသောကိစ္စကို ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမည်
-
ထိုင်းနိုင်ငံရောက် မြန်မာမိဘများက မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ကြေညာ
-
■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်