Top News

ထိုင်းနိုင်ငံရောက် မြန်မာမိဘများက မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ကြေညာ
24htopnews | November 19, 2024 10:12 PM CST

ထိုင်းနိုင်ငံရောက် မြန်မာမိဘများက မွေးဖွားသည့် ကလေးများအတွက် မွေးဖွား ခြင်း မှတ်ပုံတင်နိုင်ပြီဟု ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ မြန်မာသံရုံးက ကြေညာသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ (၁၀) အရ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား မိဘနှစ်ပါးက မွေးဖွားသည့် ကလေးများ အတွက် မွေးဖွားကြောင်းကို မွေးဖွားသည့်နေ့ မှစ၍ တစ်နှစ်အတွင်း မြန်မာသံရုံး၊ ဘန် ကောက်မြို့ (သို့မဟုတ်) မြန်မာကောင်စစ်ဝန် ချုပ်ရုံး၊ ချင်းမိုင်မြို့တို့တွင် မှတ်ပုံတင်နိုင်ပြီဟု သံရုံးက ထုတ်ပြန်သည်။

မှတ်ပုံတင်ရာ၌ ကလေးမွေးဖွားကြောင်း မွေးစာရင်းမိတ္တူ (အင်္ဂလိပ်ဘာသာပြန်) နှင့် အတူ မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း လာရောက်မှတ်ပုံတင်နိုင်ကြောင်း၊ ယင်းသို့ မှတ်ပုံတင်ရာတွင် မိဘနှစ်ပါး၏ မြန်မာနိုင်ငံ ကူးလက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ် ပြားမိတ္တူ၊ မိဘနှစ်ပါး၏ လျှောက်လွှာနှင့် ဝန်ခံကတိပြုချက်မိတ္တူတို့ကို ပူးတွဲတင်ပြရ မည်ဖြစ်ကာ ကောင်စစ်အရာရှိများက လုပ် ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက်ရယူ ခြင်း၊ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော နိုင်ငံ သားအတွက် မွေးဖွားကြောင်း မှတ်ပုံတင်ခြင်း၊ မိဘ၏ နိုင်ငံသားလက်မှတ်တွင် အမည်ထည့် သွင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သံရုံးက ဆိုသည်။

ထို့ုပြင် မြန်မာနိုင်ငံသားမိဘနှစ်ပါးက ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးများအ တွက် မွေးဖွားခြင်းမှတ်ပုံတင်ပြီးပါက ထိုင်း နိုင်ငံတွင် ဆက်လက်နေထိုင်ရန်လိုအပ်လျှင် မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) အား မြန် မာသံရုံး၊ ဘန်ကောက်မြို့နှင့် မြန်မာကောင် စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့တို့၌ ထပ်မံလျှောက် ထားနိုင်ကြောင်း၊  မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားလာမှုအပေါ် မြန်မာ သံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က မြန် မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ထံ သို့ တင်ပြ၍ ခွင့်ပြုချက် ရယူရမည်ဖြစ်သဖြင့် အချိန်ကာလ ခန့်မှန်းလေးလခန့်ကြာမြင့်နိုင် ကြောင်း သံရုံးက အသိပေးထားသည်။

အလားတူ မြန်မာနိုင်ငံကူးလက်မှတ် အသစ် (မွေးတိုး) မလျှောက်ထားဘဲ မြန်မာ နိုင်ငံသို့ အမြန်ပြန်လည်ခေါ်ဆောင်လိုပါက တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ်ကို လျှောက်ထားရမည်ဖြစ် ကြောင်း၊ မိခင်သို့မဟုတ် ဖခင်တစ်ဦးဖြင့်သာ ကလေးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်မည်ဆိုပါက ကျန်မိဘတစ်ဦးက ကန့် ကွက်ရန်မရှိကြောင်း ကတိခံဝန်ချက်လိုအပ် ကြောင်း၊ ပုံစံလျှောက်လွှာများကို အခမဲ့ရယူ နိုင်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ကြေညာသည်။


READ NEXT
Cancel OK