Top News

PSY ၏ Summer Swag ရှိုးပွဲသွားကြည့်သူအများအပြား ကိုဗစ်ကူးစက်ထားမှု အာဏာပိုင်များ စုံစမ်းစစ်ဆေးနေ
24htopnews | April 13, 2024 1:12 PM CST

တောင်ကိုရီးယားတွင် နေ့စဉ်ကိုဗစ်ကူးစက်မှုများ တကျော့ပြန်မြင့်တက်လာနေချိန် PSY ၏ ရှိုးပွဲတက်ရောက်ထားသူများထဲမှ ကိုဗစ်ကူးစက်မှုများ အတွေ့များလာသည့်အတွက် ၎င်းဖြစ်စဉ်ကို တောင်ကိုရီးယားနိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဗဟို CDC က စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။

လက်ရှိ PSY သည် တောင်ကိုရီးယားမြို့ကြီးများသို့လှည့်လည်ကာ Splash Show 2022- Summer Swag အမည်ဖြင့် ရှိုးပွဲများတင်ဆက်လျက်ရှိပြီး ၎င်းင်းပွဲများသည် ရေပက်မှုအစီအစဉ်ပါဝင်သည့်အတွက် နာမည်ကြီး လှသည်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်တွင် Summer Swag ပွဲများရပ်နားခဲ့ကာ ယခုနှစ်မှာမှ ပြန်လည်ပြုလုပ်ခြင်းဖြစ်သည်။

ရှိုးပွဲကာလက ဇူလိုင် ၉ရက်မှ သြဂုတ် ၂၇ ရက်အထိ သတ်မှတ်ထားသည်။

လက်ရှိနိုင်ငံတွင် မိုးခေါင်ရေရှားမှုနှင့်  ကြုံနေရပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အတော်နှောင့်နှေးနေချိန် PSY ကရှိုးပွဲများတွင် ရေတန်ချိန် ၃၀၀ သုံးမည်ဟုကြေညာခဲ့သည်က တစ်ကြောင်း၊ ရေစိုသည့်၄င်းပွဲများတွင် ကိုဗစ်ပျံ့နိုင်ခြေမြင့်မားသည်ကတစ်ကြောင်း PSY ၏စီစဉ်မှုအပေါ် ဝေဖန်မှုများထွက်ခဲ့သည်။

ရှိုးပွဲနေရာကို ပိုးသတ်ခြင်း၊ ပွဲလာသူများကို KF94 နှာခေါင်းစည်းသုံးခုနှင့် ရေစိုခံနှာခေါင်းစည်းတစ်ခုစီ ဝေပေးခြင်း စသည်များ လုပ်ဆောင်ခဲ့သော်လည်း ပွဲလာသူအများအပြား၌ ကိုဗစ်ကူးစက်မှုများတွေ့လာရသည်။

PSY သည် ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အထိ ဆိုးလ်တွင် ဖျော်ဖြေပွဲသုံးပွဲတင်ဆက်ခဲ့ပြီး  ပရိသတ်အရေအတွက်မှာ တစ်သိန်းအထိရှိခဲ့သည်။

ဆိုရှယ်မီဒီယာတွင်မူ အန္တရာယ်ကိုသိသိကြီးနှင့် ရှိုးသွားကြည့်သူများ၏အပြစ်ဟုသာ ဖြစ်သည်ဟု ဝေဖန်ပြောဆိုနေကြသည်။


READ NEXT
Cancel OK