၂၀၂၅ ခုနှစ်တွင် Avengers ရုပ်ရှင်ဇာတ်ကားသစ် နှစ်ကားထွက်ရှိလာလိမ့်မည်ဟု Walt Disney ကုမ္ပဏီ၏ Marvel Studios က ဇူလိုင် ၂၃ ၌ ၎င်း၏အသစ်ထွက်ရှိမည့် စူပါဟီးရိုးဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များ၏ တစ်စိတ်တစ်ပိုင်းကို ပရိသတ်များအား မီးမောင်းထိုးတင်ဆက်မှုတွင် ထုတ်ပြန်ကြေညာခဲ့သည်။
Avengers: The Kang Dynasty နှင့် Avengers: Secret Wars တို့သည် Marvel Cinematic Universe (MCU) ၏ Phase 6 အဖြစ် ထွက်ရှိလာမည်ဖြစ်ကြောင်း Marvel Studios ဥက္ကဋ္ဌ ကယ်ဗင်ဖက်ရှ်က ဆန်ဒီယေဂိုတွင် နှစ်စဉ်ပြုလုပ်နေကျ Comic-Con ပေါ့အနုပညာညီလာခံတွင် ပြောကြားခဲ့သည်။ Phase 4 မှ 6 အထိကို Multiverse Saga ဟု လူသိများလာလိမ့်မည်ဖြစ်ကြောင်း ၎င်းကဆိုချိန်တွင် ခန်းမအတွင်းရှိ ပရိသတ် ၆၀၀၀ ကျော်က သြဘာပေးခဲ့ကြသည်။
၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့သည့် Avengers: End Game သည် ဒုတိယဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်ပြီး MCU ရုပ်ရှင်များသည်ကမ္ဘာလုံးဆိုင်ရာ box office ရောင်းချမှုတွင်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိခဲ့သည်။
ထို့ပြင်ဖက်ရှ်က Daredevil: Born Again အမည်ရှိ အပိုင်း ၁၈ ပိုင်းပါဝင်သည့် ရုပ်သံဇာတ်လမ်းတွဲတစ်ခုကို ၂၀၂၄ ခုနှစ်နွေဦးတွင် Disney+ ၌ ထုတ်လွှင့်ပြသသွားမည့်အစီအစဉ်နှင့် Thunderbolts အမည်ရှိရုပ်ရှင်ကို ၂၀၂၄ ခုနှစ် ဇူလိုင်တွင် ထုတ်လွှင့်ပြသသွားမည့် အစီအစဉ်တို့ကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် MCU က တတိယမြောက် AntMan and the Wasp:Quantumania ကို လာမည့်ဖေဖော်ဝါရီတွင် ပွဲဦးထွက်ပြသမှုအပါအဝင် Marvel ၏ Phase 5 တွင် ပိုမိုနီးကပ်သော အချိန်တစ်ခုတွင် ထွက်ရှိလာမည့် ရုပ်ရှင်အချို့ကိုလည်း မီးမောင်းထိုးပြခဲ့သည်။
“နောက်ဆုံးမှာတော့ ကျွန်တော်တို့တွေဟာ ကွမ်တမ်နယ်ပယ်မှာ အချိန်အနည်းငယ်ဖြုန်းကြရတော့မှာ ဖြစ်ပါတယ်။ ဒါကတော့ အမြဲတမ်းသင်ထင်နေသလို မဟုတ်ပါဘူး” ဟု ဒါရိုက်တာပေတန်ရိက ပြောကြားခဲ့သည်။
Marvel က အဆုံးသတ်တွင် လွန်ခဲ့သည့်နှစ်နှစ်က ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့သော မင်းသား ချတ်ဝစ်ဘိုစ့်မန်းပါဝင်သည့် ၂၀၁၈ ခုနှစ်ထွက် ရုပ်ရှင်၏နောက်ဆက်တွဲရုပ်ရှင် Black Panther: Wakanda Forever ၏ ဇာတ်လမ်းအမြည်းကို ထုတ်ဖော်ပြသခဲ့သည်။
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ
-
တရုတ်စက်ရုံက ရုရှားအတွက် စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ပေးနေသည်ဟူသောကိစ္စကို ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမည်
-
ထိုင်းနိုင်ငံရောက် မြန်မာမိဘများက မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ကြေညာ
-
■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်